Sunday, December 29, 2013

88 တို့ ၏ အားမာန် ဇန်နဝါရီလ ၅ ရက်နေ့  လူထုဆန္ဒဖော်ထုတ်ပွဲ ကျင်းပမည်


သတင်းထုတ်ပြန်ချက်
နေ့စွဲ။ ။ ၂၉.၁၂.၂၀၁၃

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအပါအဝင် ဒီမိုကရေစီနိုင်ငံတော်နှင့် မသင့်လျှော်ဘဲ၊ ပြည်သူလူထုအပေါ်နိုင်ငံရေးအရ တဖက်သတ်ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများနှင့် ကန့်သတ်မှု၊အရေးယူမှုများအား ပူးပေါင်းဆန္ဒထုတ်ဖော်မှုကိုသက်ဆိုင် ရာလုံခြုံရေးအဖွဲ့စည်းများ၏ ပြန်လည်ညှိနှိုင်းမှုအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ အစား၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့သို့
ပြောင်းလဲသတ်မှတ်ကြောင်း သက်ဆိုင်ရာသို့ အသိပေးအကြောင်းပြန်ကြားခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ငြိမ်းချမ်းစွာ စုဝေးမည့်နေရာ - မဟာဗန္ဓုလပန်းခြံလမ်း၊(မဟာဗန္ဓုလပန်းခြံဘေး)
ငြိမ်းချမ်းစွာ စုဝေးမည့်နေ့ရက် - ၅၊ ၁၊၂ဝ၁၄ (တနင်္ဂနွေနေ့)
ငြိမ်းချမ်းစွာ စုဝေးမည့်အချိန် - နေ့လည် ၃းဝဝ နာရီမှ ညနေ ၅းဝဝ နာရီအထိ