Tuesday, November 26, 2013

UNFC ခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

၂၀၁၃-၁၁-၂၆
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
 ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုအမြန်ဆုံး ပေါ်ထွန်းရေး တို့ကို ဆွေးနွေးခဲ့ပါတယ်။

UNFC က ၂၀၀၈ဖွဲ့စည်းပုံကို အသစ်ပြန်လည်ရေးဆွဲဖို့အတွက် သဘောထား ထုတ်ပြန်ထား တာဖြစ်သလို NLD ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲဖို့ တောင်းဆိုနေတာဖြစ် ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲဖို့အတွက် သဘောထား ကွဲပြားမှုမရှိဘူး လို့လည်း UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီပါတီက ဦးသာဘန်းက ပြောပါတယ် စိတ်ဝမ်းကွဲတာ လုံးဝမရှိပါဘူး။ ဦးနိုင်ဟံသာက ဒီမိုကရေစီ ပြည့်ပြည့်ဝဝရဖို့နဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့ကို နှစ်ဘက်စလုံးကနေ ပြင်ဆင်ဖို့ သဘောတူညီကြတယ်လေ။

 ဒေါ်အောင်ဆန်းစုကြည်က အားလုံး လိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုပဲ။ အဲဒီ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ဖို့ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဒီပုံစံနဲ့တော့ မရဘူးဆိုတာ ကျမတို့ အားလုံး လုံးဝ သဘောတူတယ်။