၂၀၁၃-၁၁-၂၅
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးသည် မြန်မာနိုင်ငံ၏အနာဂတ်ဖြစ်သလို စစ်မှန်သောဒီမိုကရေစနစ် ပေါ်ထွန်းမှသာ တိုင်းသူပြည်သားများအတွက် ဘ၀အာမခံချက်ပေးနိုင်မည်ဖြစ်သည်။နိုင်ငံတကာစံနှုန်း
နှင့် ညီညွတ်သော အခြေခံဥပဒေ ဖြစ်မှသာလျှင် တိုင်းပြည်ဖွင့်ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသော အလုံးစုံသော ပြဿနာများသည် အခြေခံဥပဒေအရ ပြည်သူများကို အကာ အကွယ်မပေးနိုင်သောကြောင့် ပြည်သူများ ဘက်ပေါင်းစုံမှ ဖိနှိပ်မှုကိုခံနေရပြီး တရားဥပဒေ၏ အကာအကွယ်ကို မရှိခဲ့ပေ။
ပြည်တွင်းငြိမ်းချမ်းရေး။ တရားဥပဒေစိုးမိုးရေး၊တိုင်းရင်းသားများ၏ အခွင့်အရေး လူ့ အခွင့်အရေး တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရေး စသည်တို့ ကို ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး တိုင်းပြည်နှင့်
ပြည်သူများ ဆုံးရှုံးနစ်နာမှု အနည်းဆုံးသော စစ်မှန်သောဒီမိုကရေစီနည်းလမ်းဖြစ်၍ လက်ရှိနိုင်ငံကို ဦးဆောင်နေသော ခေါင်းဆောင်ပိုင်းတွင်တာဝန်ရှိပြီး သမိုင်းတွင်မည့် မှတ်တိုင်ဖြစ်သည်။ တိုင်းပြည်နှင့် ပြည်သူလူထု၏ အနာဂတ်ရည်မှန်းချက်ပန်းတိုင်ဖြစ်သော စစ်မှန်သောဒီမိုကရေစီ
နိုင်ငံတော်ထူထောင်နိုင်ရန် ပြည်သူအားလုံးမှ ၀ိုင်းဝန်းတောင်းဆိုကြရမည်ဖြစ်သည်။
မြသိန်း