Thursday, November 7, 2013

လျှပ်စစ်မီးဆိုတာ ပြည်သူတွေအားလုံးသုံးစွဲနေကြတဲ့အတွက် တောင်းဆိုတာဟာလည်း ပြည်သူ့ အတွက်ဖြစ်တယ် အုပ်ချုပ်သူတွေ ဒီလောက်တော့သိဖို့ လိုတယ်

 
ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန်ဖြူးရေးအဖွဲ့ မှ ဥက္ကဌ ဦးအောင်ခိုင်မှ“ပြည်သူကိုသာကိုယ်စားပြု ရင်ထိုင်ပြီးရှစ်ခိုးလိုက်မယ်၊သူတို့ ကဘယ်သူ့ ကို ကိုယ်စားပြုပြီးဆန္ဒပြမှာလဲ၊အစိုးရကဘာပဲ လုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့  ပြမှာလား၊ ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လိုတယ်၊ ဒီလိုလုပ်တာက
ကိုယ်ကျိုးအတ္တသမားတွေလုပ်တာပါ၊သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ” ဟု ၄င်းကပြော ကြားသည်။
ပြည်သူတွေက တိုင်းပြည်နဲ့ လူမျိုးအတွက်လုပ်တာကို ကိုယ်ကျိုးရှာတယ်လို့ ပြောတာဟာ ပြည်သူတွေကို ဆော်ကားတာဖြစ်တယ် ပြည်သူတွေက တိုင်းပြည်အတွက် အချိန်ကုန်ငွေအကုန်ခံပြီး လုပ်နေကြရတာပါ အစိုးရလို လစာယူပြီးအလုပ်လုပ်နေတာမဟုတ်ဘူးဆိုတာတောင် မသိကြဘူး ကိုယ်ကျိုးရှာတာက ဘယ်သူတွေလဲ အခွင့်ထူးခံလူတန်းစားတွေသာဖြစ်တယ်။
 လျှပ်စစ်မီတာခ တိုးမြင့်ကောက်ခံတဲ့အတွက် ပြည်သူတွေမှာ စားဝတ်နေရေးအခက်အခဲ ဖြစ်ရတယ်။ အစိုးရက အလုပ်လက်မဲ့ပြသနာကို ပြေလည်အောင်မဖြေရှင်းမပေးဘဲ ရေ၊ မီး ခတွေတိုးကောက်တော့ လက်လုပ်လက်စားသမားတွေ ဒုက္ခရောက်ရတယ်။ အစိုးရတရပ်အနေနဲ့  ၀န်ထမ်းနဲ့  လက်လုပ် လက်စား တွေရဲ့  လစာကိုတိုးပေးဖို့ မလုပ်ဆောင်ပဲ လျှပ်စစ်မီတာခ နှုန်းထား ပြောင်းလဲကောက်ခံတာဟာ သဘာဝမကြဘူး။မီတာခနှုန်းတိုးကောက်တာကိုတော့ ပြည်သူတွေကို ကြိုတင်မပြောဘဲ  အစိုးရ         လုပ်ပုံမဟုတ်လို့  ဆန္ဒပြမယ်ဆိုရင်တော့ ကြိုတင်ခွင့်ပြုချက်ယူရမယ် မယူရင်ဖမ်းဆီးအရေးယူတယ်။ ဒါဟာပြည်သူတွေကို အစိုးရက အာဏာရှင်ဆန်ဆန်အုပ်ချုပ်တာဖြစ်တယ်။ပြည်သူတွေရဲ့ တင်ပြချက် တောင်းဆိုချက်တွေ ကိုတော့ လက်မခံဘူး ငါအစိုးရ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ ပုံဆန်မျိုးလုပ်တာဖြစ်   တယ် ဒါကိုပြည်သူ တွေကတော့ လက်ခံမှာမဟုတ်ဘူး။