Thursday, November 7, 2013
မီဒီယာလွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ မပြုလုပ်ရန် သမ္မတဦးသိန်းစိန်က သတိပေးပြောကြား
အော် သမ္မတကြီးရယ် ကျင့်ဝတ်နဲ့ မညီပဲ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု အလုပ်ဆုံး ကတော့မြန်မာ့အလင်း သတင်းစာနဲ့ ကြေးမှုံသတင်းစာ ပါပဲကွယ်။အနှစ် ၂၀ ကျော် ပေါက်ပန်းဆေး ဆောင်းပါးတွေရေး ၊ ဒေါ်အောင်ဆန်းစုကြည်ကို အပုဒ်ချနေတာ ခင်ဗျားတို့ သတင်းစာတွေက ပါပဲ။
By-အဂ္ဂမဟာ မဏိဇောတဓရ သိကြားမင်း
ပြည်သူတွေကို အရှုးလုပ်နေတာ ခံရခက်တယ်။ ပြည်သူတွေဟာ နှစ်ပေါင်း ၅၀ အတွင်း စစ်အာဏာရှင် တွေရဲ့  လုပ်ရပ်တွေကို အားလုံးသိတယ် သတင်းစာတွေမှာ စစ်တပ်ကောင်းကြောင်းတွေရေးခဲ့လို့ 
ပြည်သူတွေ ဖတ်တောင်မဖတ်ကြတော့ဘူး။သတင်းစာရဲ့  ဂုဏ်ကျင့်ဝတ်ကိုမထောက်ဘဲ ဒေါ်အောင်
ဆန်းစုကြည်ရဲ့  မိသားစုအကြောင်းတွေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ မြောက်များစွာ အစိုးရသတင်းစာမှာ ရေးသားတုံးကတော့ ဒီစကားမပြောဘူး မီဒီယာလွတ်လပ်ခွင့်ရှိလာလို့  သူတို့ အကြောင်းရေးတော့
သတိပေး အရေးယူဖို့ လုပ်လာတယ်။အာဏာရှင် အငွေ့ အသက်တွေက မကုန်သေးဘူး။ ပြည်သူတွေက
လူအတွေမဟုတ်ဘူး သမိုင်းကို သိကြပါတယ် သမိုင်းဖျောက်လို့ တော့ မရဘူးဆိုတာတော့ သိထားဖို့ 
လိုတယ်။
Posted by
luthuorthan.bg@gmail.com