skip to main  |
      skip to sidebar

 
၂၀၁၃-၁၁-၆
 ၂၀၁၅ မတိုင်မီ ဦးသန်းရွှေတစ်ယောက် ညူကလီယားဗုံးထုတ်လုပ်နိုင်ဖွယ် 
အချက်အလက်များရှိနေတယ်လို့ နေပြည်တော်သတင်းရပ်ဝန်းမှာ လျှို့ဝှက်သတင်းတစ်ခု
 ထွက်ပေါ်လာပါတယ် ၊အဲဒီလို မြန်မာနိုင်ငံကို 
ညူကလီယားဗုံးထုတ်လုပ်နိုင်အောင်
 အဓိက အားပေးအားမြှောက်လုပ်နေတာကတော့ မြောက်ကိုးရီယားယူနီဖောင်းဝတ် 
တရုတ်တွေဖြစ်ပါတယ်။
 
 မြန်မာပြည်မှာ ယူရေနီယမ် 
သတ္တုထွက်ရှိတာကို တော်တော်များများ သိရှိပြီးဖြစ်ပါတယ် ၊အဲဒီယူရေနီယံကို ပုံမှန်သန့်စင်ရုံ နဲ့ လက်နက်တပ်ဆင်ထုတ်လုပ်လို့ရတဲ့ 
ပလူတိုနီယမ် အဆင့် အဖြစ်ရောက်လာအောင် မလုပ်နိုင် သေးပါဘူး ၊ပုံမှန်ယူရေနီယမ် ကို ညူကလီးယားဓါတ်ပေါင်းဖိုထဲမှာ အချိန်တစ်ခုပေး 
ထားရှိလည်ပတ်ပြီး မှ            ပလူတိုနီ အဆင့်ကို ထုတ်လုပ်ရရှိနိုင်မှာဖြစ်ပါတယ် ၊အသေးစားညူကလီယားဓါတ်ပေါင်းဖို အရွယ်အစားဟာ ၆လေပတ်လည် ပေ၂၀အရှည်သာ 
ရှိပါတော့တယ် ၊ညူကလီးယား ဓါတ်ပေါင်းဖိုလည်ပတ်ရင် 
အပူများစွာထွက်ပါတယ် ၊အဲဒီအပူတွေကို 
ဘယ်နည်းဘယ်ပုံ လျှော့ချပစ်ရမလဲ ထုတ်ပစ်ရမလဲဆိုတာ 
ညူကလီးယားဓါတ်ပေါင်းဖိုလုပ်ချင်သူတွေအတွက်
 အကြီးမားဆုံးစိန်ခေါ်မှုပါပဲ။
 
 ဦးသန်းရွှေဟာ 
လူသူမရောက်နိုင်တဲ့ တောတောင်ကြီးတွေ အထဲမှာ ကြီးမားတဲ့ဆည်တွေကို 
ရည်ရွယ်ချက်ရှိရှိ ဆောက်လုပ်ခဲ့ပါတယ်
 ၊အဲဒီဆည်ကြီးတွေအထဲက အဆက်မပြတ်ရရှိနေတဲ့ ရေတွေဟာ ဦးသန်းရွှေရဲ့ 
ညူကလီယား ဓါတ်ပါင်းဖိုသေးသေးလေးတွေအတွက် အရမ်းအသုံးဝင်တဲ့ အဘဝအပူလျှော့ 
ကြားခံတွေပေါ့ ၊
 ဒီနည်းနဲ့ ဦးသန်းရေအဟာ ရဲရွာ အစရှိတဲ့ 
ဆည်ကြီးတွေမှာ အနီးအနားမှာ ညူကလီးယား ဓါတ်ပေါင်းဖို သေးသေးလေးတွေကို 
လျှို့ဝှက်တည်ထားပါတယ် တဲ့ ၊အခု စတင်လည်ပတ်တော့မယ့် ရွာငံ နဲ့ 
အထက်ပေါင်းလောင်းတွေမှာလည်း အဒီလို ညူကလီးယား ဓါတ်ပေါင်းဖို 
သေးသေးလေးတွေကို ထည့်သွင်းတည်ဆောက်ထားပါတယ်တဲ့ ၊ဒီပုံဒီနည်း နဲ့ 
ဦးသန်းရွှေ ဟာ ၂၀၁၅ မတိုင်မီမှာ အသေးစား ညူကလီယားဗုံး တစ်လုံးမက ကို 
ထုတ်လုပ်နိုင်စွမ်းရှိနိုင်ပြီ ဖြစ်ပါတယ် တဲ့ ၊ဒီသတင်းကို 
သေချာချင်ရင်တော့ ဆောက်ပြီးသား နဲ့ ဆောက်လက်စ ဆည်တွေကို သွားရောက်လေ့လာပြီး
 အဲဒီဆည်ထဲက ရေတွေ ဘယ်တူးမြောင်းတွေ နဲ့ ဆက်သွယ်ပြီး ဘယ်နေရာတွေမှာ 
အသုံးချနေလဲဆိုတာကို စေ့စေ့စပ်စပ် ရှာကြည့်ရင် လမ်းစဖော်နိုင်ပါတယ် တဲ့ ပြီးခဲ့တဲ့ ၄ - ၅ လ ဝန်းကျင်က ကမ္ဘာ့ ငလျှင်မှတ်တမ်းမှာ 
အကျုံးမဝင်လိုက်တဲ့ မန္တလေး က ညဖက် ငလျှင်လှုပ်သွားမှုဟာ ဦးသန်းရွှေရဲ့ 
စမ်းသပ်ဖောက်ခွဲမှု တစ်ခုဖြစ်နိုင်ပါသတဲ့ ၊
 
 (နေပြည်တော် 
သတင်းရပ်ဝန်းမှ ရရှိသော အရေးကြီးလျှို့ဝှက်သတင်းဖြစ်ပါတယ်)
 
 Hawdeka
 Khalaylay