Wednesday, November 6, 2013

လျှပ်စစ်မီတာသုံးစွဲခများ တိုးမြှင့်ကောက်ခံမှုအပေါ် ပြည်သူတွေမကျေနပ်၍ ဆန္ဒထုတ်ပေါ်

 လျှပ်စစ်မီတာသုံးစွဲခများ တိုးမြှင့်ကောက်ခံမှုအပေါ် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့က အဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့မှာ ဒီနေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားအထိ ဆန္ဒပြခဲ့ကြပြီး လမ်းတစ်လျှောက် မီတာသုံးစွဲခ တိုးမြှင့်ကောက်ခံတဲ့အပေါ် ကန့်ကွက်တဲ့ စာရွက်တွေ ဝေဌခဲ့တယ်လို့ သိရပါတယ်။