မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို ရောက်ရှိနေပြီး
တနင်္ဂနွေနေ့  ညပိုင်းမှာတော့ ရောမမြို့ရဲ့ မြို့တော်ခန်းမမှာ ရောမမြို့ကနေပေးတဲ့ ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံယူခဲ့တာပါ။ အီတလီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှာဖြစ်တဲ့အပြင် ပုပ်ရဟန်းမင်းကြီးနဲ့လည်း သီးခြားတွေ့ဆုံဖို့ ရှိတယ်လိုသိရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ဂုဏ်ထူးဆောင်Turin မြို့သူဆု၊ အောက်တိုဘာ ၃ဝ ၇က်မှာ ဂုဏ်ထူးဆောင် Bologna ဘိုလော့ခ်နာမြို့သူဆုနဲ့ အောက်တိုဘာ ၃၁ ရက်မှာ ဂုဏ်ထူးဆောင် Parma မြို့သူဆုကို လက်ခံရယူပါမယ်။