Thursday, October 10, 2013

အာဆီယံ ဥက္ကဌ မြန်မာလက်ခံရယူခဲ့၍ ဒီမိုကရေစီအင်အားစုများ အရှိန်မြှင့်တင်လာနိုင်ဖွယ်ရှိ

၂၀၁၃-၁၀-၁၀

 မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ့ ကလေးစစ်သားပြဿနာတွေ ပြည်တွင်းငြိမ်းချမ်းရေး ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေနဲ့  အခြေခံဥပဒေ ပြင်ဆင်ရေး(သို့ )အသစ်ပြန်လည်ရေးဆွဲရေး  စီပွားရေး လူမှုရေး ပညာရေးနှင့် စီမံကိန်းပြဿနာ၊အလုပ်သမားပြဿနာများ စသည့်များမြောင် လှစွာသော ပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်မှုများရှိနေချိန် မိမိနိုင်ငံ၏ ပြဿနာများကိုပင်
 ဖြေရှင်းနိုင်ခြင်းမရှိပဲ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူလိုက်ခြင်းသည်။နိုင်ငံတကာမှ ထောက်ပြ
လာနိုင်ဖွယ်ရှိသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က မြန်မာ့ ပြုပြင်ပြောင်းလဲမှုတွေဟာ မပြည့်စုံသေးဘူးလို့   ပြောဆိုခဲ့ သလို၊ Fortify Rights အဖွဲ့က မြန်မာ့အရေးလေ့လာသူ Matthew Smith ကလည်း  လူ့အခွင့်အရေးထောင့်က ကြည့်ရင် မြန်မာကို ဥက္ကဌနေရာဟာ မြန်မာအစိုးရအတွက် မရဖူးတဲ့ဂုဏ် တစ်ရပ်ဖြစ်ပါတယ်၊ ဒါပေမဲ့  မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းလူနှစ်သိန်းခွဲကျော် နေရာရွှေ့ပြောင်း ခံခဲ့ရတယ်၊ စစ်ကြောင့်ဖြစ်ရတဲ့ ချိုးဖေါက်မှုတွေလည်းရှိနေတုန်းပါ၊ ရခိုင်ပြည်နယ်က လူမျိုးစုပြဿနာ ကလည်း အာဆီယံဒေသအဆင့် ဒုက္ခသည် အကြပ်အတည်းတစ်ခုဖြစ်လာနေပါတယ်၊ ဒီကိစ္စတွေဟာ အာဆီဥက္ကဌအဖြစ်နဲ့ မလျော်ကန်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်သောဒီမိုကရေစီရရှိရေးအတွက် ဒီမိုကရေစီအင်အားစုတွေက စစ်တပ်ကမတရား
ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့ မညီညွတ်တဲ့အတွက် ပြန်လည်
ပြင်ဆင်ရေးဆွဲဖို့ တောင်းဆိုနေချိန်(ဥပမာ လွှတ်တော်တွင် ၂၅% စစ်တပ်ကနေရာယူထားပြီး အသာစီး
ကဖြေရှင်းရန် စီစဉ်ထားရှိခြင်း)။နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်နေခြင်း။သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများတွင် " စစ်ရေးအမြင်ရှိရမည် "
ဟုထည့်သွင်းထားခြင်း စသည်တို့ သည် ဒီမိုကရေစီစံနှုန်းများကို ချိုးဖေါက်နေသည်။ တိုင်းရင်းသားများ
နှင့်လည်း ထာဝရငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သေးပေ။

ပြည်သူများအနေဖြင့် စစ်တပ်မှ ၁၉၆၂ ခုနှစ် အာဏာသိမ်းယူခဲ့ပြီး နှစ်ပေါင်း ၅၀ကျော်ပြည်တွင်းစစ်ဖြစ်
ကာ တိုင်းပြည်အဆင်းရဲဆုံးနိုင်ငံထဲမှ ရုံးထွက်နိုင်ရန် စစ်မှန်သောဒီမိုကရေစီရရှိရေးအတွက် ၂၀၁၅ 
အတွင်း အရှိန်မြင့်တင်ပြီး ဆန္ဒပြတောင်းဆိုမှုများဖြစ်ဖေါ်လာနိုင်ဖွယ်ရှိသည်။လူ့ အခွင့်အရေးနှင့် အလုပ်
သမားအခွင့်အရေးများလည်း အရှိန်ရရှိနေပြီး အာဆီယံ ဥက္ကဌ ရာထူးယူထားသော မြန်မာနိုင်ငံအဖို့  
အကြမ်းဖက်ဖြေရှင်းမှုများဖြစ်ပေါ်လာလျှင် နိုင်ငံတကာအလည်တွင် အရှက်ကွဲဂုဏ်သိက္ခာကျဆင်း
လာနိုင်ဖွယ်ရှိသည်။ဒီမိုကရေစီအင်အားစုများအနေဖြင့် လူမှုအဆောက်အအုံ အခြေခံအုပ်မြစ်တည်
ဆောက်ရေး အဖွဲ့ အစည်းများအားကောင်းလာနေပြီး ထောက်ပြဝေဖန် ဆန့် ကျင်ဆန္ဒပြမှုများဖြင့်
မိမိတို့ ၏ အခွင့်အရေးများရှိရန်နှင့် အရပ်သားဒီမိုကရေစီအစိုးရသစ် ပေါ်ပေါက်လာရေး တောင်းဆို           မှုများ၊  အစိုးရအား စစ်မှန်သောဒီမိုကရေစီ လမ်းကြောင်းပေါ်သို့  လျှောက်လှမ်းလာအောင် ဖိအားပေးတောင်းဆိုမှုများ အရှိန်မြှင့် တင်လာနိုင် ဖွယ်ရှိသည်ဟု သိရှိရပါသည်။ 

မြသိန်း