Thursday, October 10, 2013

၁၉၉၀ ခုနှစ် လူ့အခွင့်အရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလ ၁၈ ရက်နေ့  ဥရောပ ၄ နိုင်ငံကိုခရီးထွက်ရန်ရှိ



Sakharov Prize Award 1990 , European Parliament Strasbourg SOUNDBITE (French) by the EP Secretary general:" La Politic Committee by a letter of December 18, 1990 adressed to the enlarged Bureau, the list of Sakharov nominees. In its meeting of January 22th 1991 , by secret ballot, the enlarged Bureau awarded the Sakharov prize 1990 to Aung San Suu Kyi".
ငြိမ်းချမ်းရေးနိုဗလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ EU Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူရဖို့ရှိတယ်လို့ အီးယူပါလီမန်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိတာကို စစ်အစိုးရက အသိအမှတ်မပြုပဲ ဆန္ဒပြလှုပ်ရှားမှုတွေကို အကြီးအကျယ် နှိမ်နင်းနေချိန်က ဒီဆုကို ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ အီးယူပါလီမန်အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားဖို့ရှိတယ်လို့လဲ အီးယူလွှတ်တော် အချိန်ဇယားထုတ်ပြန်ချက်အရ သိရပါတယ်။ ဂုဏ်သိက္ခာကြီးမြတ်လှတဲ့ ယူရို ၅ သောင်း တန်ဖိုးရှိ ဆခါရို့ဗ် ဆုကို ရရှိခဲ့သူတွေထဲမှာ တောင်အာဖရိကမှ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် နလ်ဆင် မင်ဒဲလားနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့လဲ အပါအ၀င် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာလ ၁၈ ရက် နေ့မှာ ယူကေ အပါဝင် ဥရောပ ၄ နိုင်ငံကို ခရီးထွက် မယ်လို့ သိရပါတယ်။