Friday, October 18, 2013

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစတင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး စတင်ထွက်ခွာဖို့  ရန်ကုန်   လေဆိပ်ကို ညနေပိုင်းက ရောက်ရှိလာခဲ့ပါတယ်။ အဖွဲ့ ချုပ်အဖွဲ့ ဝင်များနှင့် ချစ်ခင်လေးစားကြသော   ပြည်သူများက လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ကြ ပါတယ်။ 
(၂၀၁၃)ခုနှစ်၊  အောက်တိုဘာလ (၁၈)ရက်နေ့မှ၊ နိုဝင်ဘာလ (၂)ရက်နေ့အထိ ဥရောပနိုင်ငံများသို့   ဆွေးနွေးပွဲများ တက်ရောက်ရန်၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ လက်ခံရယူရန် နှင့် ဟောပြောပွဲများ   ပြုလုပ်ရန်အတွက် ခရီးထွက်ခွာရန် အစီအစဉ်ရှိပါသည်။ အဆိုပါခရီးစဉ်တွင် Belgium, Luxemburg, France, United Kingdom, Italy နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဥရောပပါလီမန်မှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ United Kingdom နိုင်ငံ Sandhurst Military Academy တွင် အမှာစကားပြောကြားခြင်း၊ Northern Ireland တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စရပ်များ (Peace Process)   နှင့် ပတ်သက်၍ လေ့လာဆွေးနွေးခြင်း၊ ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူခြင်း၊ အီတလီနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံခဲ့သော မြို့ (၄)မြို့သို့ သွားရောက်ခြင်း အစရှိသောအစီအစဉ်များ ပါရှိပါသည်။