Friday, October 18, 2013

ကိုမင်းကိုနိုင် (၅၁) နှစ်မြောက်မွေးနေ့ တွင် တိုင်တည်သစ္စာဆို


 
( ၁၈-၁၀-၂၀၁၃ ) ရက်နေ.တွင် ကျရောက်သော ကျွန်တော်တို့ ရဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ အသက် (၅၁) နှစ်မှာ အကျဉ်းထောင်ထဲမှာ ၁၈ နှစ်ခန့် ဖြတ်သန်းခဲ့ရပါတယ်။တိုင်းပြည်အတွက်ဆောင်ရွက်နေသော ကိုမင်းကိုနိုင် စိတ်၏ချမ်း သာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ၊ အမျိုးဘာသာ၊ သာသနာ့ အကျိုးကို တတ်စွမ်းသ၍ သယ်ပိုးဆောင်ရွက်နိုင် ပါစေ။ 
မြန်မာပြည်သူပြည်သားများ အကြောက်တရားက ကင်းဝေးပြီးတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးများ အပြည့်အ၀ ရရှိကြပါစေ။ကျွန်တော်တို့ရဲ့ ဘ၀တွေကို တကယ့်ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်သူပြည်သားတွေလွတ်မြောက်ရေး အတွက် အကြောက်တရားကနေ ကင်းလွတ်ပြီးတော့ ဖိနှိပ်ချုပ်ချယ်တဲ့ စနစ်ဆိုးမျိုးကနေ ကင်းလွတ်ဖို့၊ အခွင့်ထူးခံတဲ့ စနစ်ဆိုးမျိုးက ကင်းလွတ်ဖို့ လိုအပ်တယ်ဆိုရင် နောက်ဘ၀တွေအထိ ကျွန်တော်တို့ဘ၀ကို ပေးလှူဖို့ အဆင်သင့်ရှိပါတယ်.
ဒါ ဘုရားမှာ ကျွန်တော် သစ္စာဆိုခဲ့ပါတယ်။

မင်းကိုနိုင်