Saturday, October 19, 2013

ဦးသန်းရွေ၏ မြေး ဖို့ လပြည့်အပါအ၀င် ၁၁ဦးက သူရိယ သတင်းဂျာနယ်တိုက်မှ ကွန်ပျူတာကို ဝင်သိမ်းယူ



ဦးသန်းရွှေ မြေး ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သားအပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှ ကွန်ပျူတာကို ဝင်သိမ်းသွားကြောင်းသတင်းရရှိပါတယ်။မြန်မာနိုင်ငံမှာ 
အာဏာရှင်စနစ်ကနေ မပြောင်းလဲသေးတာတွေ့ မြင်နိုင်ပါတယ်။ တကယ်ဆို အစိုးရတရပ်ရဲ့  အုပ်ချုပ်
မှုအောက်မှာ ဥပဒေအတိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဥပဒေစိုးမိုးမှုမရှိတဲ့အတွက် အာဏာရှိသူ
တွေက အခုလိုမင်းမဲ့စရိုက်ကျင့်ကြံနေကြတာဖြစ်တယ်။အစိုးရလည်း တပ်ချုပ်ဟောင်းကြီးရဲ့ မြေးကို
မထိရဲတဲ့သဘောရှိပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေလုပ်နေပါပြီ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီအစိုးရ၊သန့် ရှင်းသောဒီမိုကရေစီ
အစိုးရလို့  ကြွေးကြော်ထားပြီး အာဏာရှင်ဟောင်းသားသမီးတွေက မင်းမဲ့စရိုက်ပြုကျင့်တာကို ဘာမှ
အရေးယူခြင်းမရှိတာဟာ အစိုးရအဖို့  အရှက်ရစရာကောင်းပါတယ်။အစိုးရက နိုင်ငံတကာကို
ပြုပြင်ပြောင်းလဲနေပါပြီလို့ ပြောနေသောလည်း လက်ရှိမှာ အာဏာရှင်တွေကြီးစိုးနေဆဲဖြစ်ပါတယ်။

တချိန်က အာဏာရှင်ဟောင်း ဦးနေ၀င်း ပြုတ်ကျသွားသော်လည်း စစ်အစိုးရတက်လာပြီး ဦးနေ၀င်း
မြေးတွေ စကောပီယံဂိုဏ်းတွေထောင်ပြီး ပြည်သူတွေကို အနိုင်ကျင့် နှိပ့်စက်သတ်ဖြတ်ခဲ့တာရှိခဲ့
ဘူးပါတယ်။ယခုလည်း ပြုတ်သွားတဲ့ ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွေရဲ့  မြေးတွေက ဂိုဏ်းတွေ
ဖွဲ့ ပြီး နေရာယူ အနိုင်ကျင့်လာနေတာတွေ့ ရပါတယ်။

ပြည်သူတွေမှာတော့ ယနေ့ အထိ အရာရာမှာ အာဏာရှိသူ အာဏာရှင်တွေရဲ့  မတရားဖိနှိပ့်မှု
လက်အောက်က မလွတ်မြောက်သေးပါဘူး။စစ်မှန်သောဒီမိုကရေစီအစိုးရတရပ်ပေါ်လာပြီး
ဥပဒေစိုးမိုးမှုရရှိဖို့  အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်တွေနဲ့ အညီ လူ့အခွင့်အရေးတွေ ရရှိနိုင်ဖို့ 
လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရရှိဖို့  မိမိတို့ ၏ ဆန္ဒများဖေါ်ထုတ်ခွင့်ရရှိဖို့  အတွက် အခြေခံ ဥပဒေပြင်ဆင်ပြောင်းလဲနိုင်ဖို့  အရေးကြီးပါတယ်။လက်ရှိအစိုးရဟာလည်း အာဏာရှင်ဟောင်းတွေဖြစ်
တယ်ဆိုတာကို မမေ့ကြဖို့ လိုသလို မင်းသားယောင်ဆောင်ပြီး ဘီလူးခေါင်းဆောင်းထားတဲ့   ခေါင်းပေါင်းမင်းသားကြီးတွေကို အပြီးအပိုင်အုပ်ချုပ်ရေးမှ ဖယ်ရှားပြီး အရပ်သားအစိုးရသစ်တရပ်   ပေါ်ထွန်းလာအောင်ကြိုးစားဖို့  လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

မြသိန်း