skip to main |
skip to sidebar
သမ္မတကြီးမိန့် ခွန်းမှာ သေချာတဲ့ အရှိတရားတစ်ခုကတော့ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေပြီး ပြည်သူလူထုက လိုလားတောင်းတနေတဲ့ ခိုင်မာ၍ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုရရှိဖို့  ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့  ဆွေးနွေးဖြေရှင်းသည့်နည်းလမ်းများ မအောင်မြင်ခဲ့ပေ။
အစိုးရနဲ့ ပြည်သူကို အပြန်အလှန်ထိမ်းညှိနိုင်ဖို့  အခြေခံဥပဒေက အရေးကြီးပါတယ်။
အစိုးရက ပြည်သူတွေအပေါ်မတရားလုပ်ခဲ့ရင်၊ပြည်သူက အစိုးရအပေါ်ဆော်ကားမယ်၊ဥပဒေချိုးဖေါက် မယ်ဆိုရင် အခြေခံဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စစ်မှန်တဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့  လူ့ အခွင့်အရေး တန်းတူညီမျှမှု၊ တရားမျှတမှု စသည့်အချက်တွေပါဝင်တဲ့ အစိုးရနဲ့ ပြည်သူ ကတိက၀တ် တည်ကြည်၍ သစ္စာရှိရှိ
ချုပ်ဆိုရမည့်စာချုပ်သည် အခြေခံဥပဒေသာဖြစ်သည်။အခြေခံဥပဒေ မပြင်ဆင် မပြောင်းလဲပဲ နှစ်ဦးသဘောတူဆွေးနွေးပြီး အာမခံချက်မရှိတဲ့ငြိမ်းချမ်းရေးဟာ ရေရှည်တည်တံ့ခိုင်မြဲဖို့  မဖြစ်နိုင်ပေ။အခြေခံဥပဒေကို ပြည်သူ
့ဆန္ဒနှင့်အညီ ပြောင်းလဲ ပြင်ဆင်မှသာ ပဋိပက္ခများ ချုပ်ငြိမ်းစေ ပြီး ဥပဒေစိုးမိုးရေးအရ တာဝန်ယူကြရမည်ဖြစ်သည်။
မြသိန်း