Tuesday, October 1, 2013

တရားဥပဒေစိုးမိုရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် တွေ့ ဆုံ



အောက်တိုဘာ ၁ ရက်နေ့ ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်ေးရးကော်မတီဆောင် I-12 ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမီဒီများတွေ့ဆုံ ဥက္ကဌ မှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ မီဒီယာများ၏မေးမြန်းနမှုကို
ဖြေကြားရာ ဖွဲ့ စည်းပုံအခြေခံဥပဒေနင့် ပတ်သတ်၍ ပြည်သူများက သေချာနားမလည်ဘူးဆိုတာ ဟုတ်သည်။အန်တီနားလည်သလောက် ဖွဲ့ စည်းပုံအခြေခံဥပဒေကို သူတို့ ထုတ်တုန်းက အုပ်ရေကထောင်ဂဏန်းပဲရှိတယ်လို့ နားလည်တယ်။သန်း(၆၀)လောက်ရှိတယ်လို့ မှန်းရတဲ့    ပြည်သူလူထုကြားထဲမှာ ထောင်ဂဏန်းပဲရှိတဲ့ အုပ်ရေကို ဘယ်နစ်ယောက်က ဖတ်ဘူးမှာလဲ။   ပြည်သူအများစုက ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ဘာရှိမှန်းလဲ မသိဘူး။ထိရောက်မူကိုလည်း 
ဂဂဏဏ မသိဘူး။အခုအဖွဲ့ ချုပ်က စပြီး ရှင်းနေတာကဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပြည်သူကဘယ်လို
စပ်ဆက်လဲဆိုတာ အဲဒီက စပြီးရှင်းမှာ။ပြည်သူတွေ သိသင့်သိထိုက်တာ သိဖို့ ပဲဖြစ်ကြောင်း၊၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့နှင့်ပတ်သက်ပြီး (၂၀၀၈)ဖွဲ့ စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီနဲ့ မကိုက်ညီဘူးဆိုတာ စပြီးဆွဲပုံဆွဲနည်းထဲက ဒီမိုကရေစီနဲ့ မကိုက်ညီတာ။နောက်ပြီး အဲဒီထဲကဘယ်အချက်တွေက ဒီမိုကရေစီ စံနုန်း စံထားတွေနဲ့ မကိုက်ညီဘူးလဲဆိုတာ ရှင်းပြမယ်။ဒါကြောင့် ပြုပြင်ပြောင်းလဲချင်တယ်။
အားလုံးသိတဲ့ အတိုင်း ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်လို့ အမြင်(၂)မျိုးရှိတယ်။တစ်ချို့ က တစ်ချို့ ပုဒ်မတွေကို ပြင်မယ်။တစ်ချို့ က အားလုံးပြန်ပြီး ပြင်မယ်။အဲဒီထဲမှာ တိုင်းရင်းသားတွေနဲ့    ဆွေးနွေးတဲ့ အထဲမှာ တစ်ဖွဲ့ က ပြင်မယ်ဆိုရင်တော့ လက်ခံတယ်။စ ၊ လယ် ၊ ဆုံး ပြင်ရမယ်။ အစထဲကလည်း စ ၊ လယ် ၊ ဆုံး ပြင်ဖို့ ဆုံးဖြတ်တယ်။ပြင်သင့်တာတွေ အားလုံးကိုပြင်သွားမှာဖြစ်

ကြောင်းပြောကြားခဲ့သည်။