Friday, October 25, 2013

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦး နဂိုက မြန်မာနိုင်ငံသားများဖြစ်သည်

၂၀၁၃-၁၀-၂၅

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးလုံးဟာ မွေးကတည်းက ဗမာပြည်သား အဖြစ် ခံယူထား 
ခဲ့ကြသူ များဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနှင့် အတူ ဗမာပြည်မှာ အပြီးအပိုင် အခြေချ နေထိုင်ဖို့ အတွက်
 ပြန်လာခွင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ ပေမယ့်လည်း အာဏာရှင် နေဝင်းတို့ အုပ်စုက ငြင်းပယ်ခဲ့ပါ
တယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် အကြီးအကျယ် ကျန်းမာရေး မကောင်းဖြစ်တော့မှ   ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ဝင်ခွင့် ယာယီ ပေးခဲ့ပါတယ်။

ဒေါ်ခင်ကြည် ကွယ်လွန်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြား ပြန်ခိုင်းတာ မအောင်မြင်သည့် အတွက် ၁၉၈၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦး (ဗိုလ်ချုပ်အောင်ဆန်း၏မြေး
 ယောက်ကျားလေး ၂ ဦး) ကို ဗမာပြည်သား အဖြစ်ကနေ မိမိ၏ဆန္ဒမပါဘဲ တစ်ဖက်သတ် အဓမ္မ  ရုပ်သိမ်းခြင်း ခံခဲ့ရခြင်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗမာပြည်နှင့် ပြည်သူ/ ပြည်သားများ အတွက် ၄င်း၏ မိသားစု ဘဝကို   စွန့်လွှတ် ခဲ့ရသူ တစ်ဦး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းဖြစ်သူဟာ ဆုံးပါးခဲ့ပြီးဖြစ်သည့်အပြင် သား ၂ ဦးသည် လည်း မူလ မွေးဖွားစဉ် ကတည်းက မြန်မာနိုင်ငံသားအဖြစ် ခံယူထားသူများသာ ဖြစ်ကြပြီး ပြည်ထောင်စု   မြန်မာနိုင်ငံတော် ဥပေဒေများအရ မည်သည့် ပြစ်မှုမှ ကျူးလွန်ခြင်း မရှိဘဲ နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံရခြင်းကို အာဏာရှင်အစိုးရက တစ်ဘက်သက် ပြုလုပ်ခဲ့ခြင်းကြောင့် နိုင်ငံသားများမူလ
ရပိုင်ခွင့် အခွင့်အရေးဆုံးရှုံးခဲ့ရသည့်အတွက် တရားမျှတခြင်း မရှိသလို ဥပေဒအရလည်း အကြောင်းကျိုး ညီညွတ်မှု လုံးဝမရှိပါ။

Lucky Ko Ko