Wednesday, September 25, 2013

အပစ်အခတ်ရပ်ဆဲရေးဖြင့် ပြည်တွင်းငြိမ်းချမ်းရေးမတည်
ဆောက်နိုင် အခြေခံဥပဒေပြင်ဆင်မှ(သို့ )အသစ်ပြန်လည်
ရေးဆွဲမှ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်

  အဓိက အခြေခံဥပဒေပြင်ဆင်မှ(သို့ )အသစ်ပြန်လည်ရေးဆွဲရေး  ဒုတိယ အပစ်အခတ်ရပ်ဆဲရေး
ဦးဌေးဦးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲဖို့ မလိုကြောင်း ပြောကြားလိုက်ပါတယ်။ “တချို့ကပြောတယ်၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်မယ်၊ ဖျက်ပစ်ပြီး အသစ်ဆွဲမယ်ဆိုပြီးတော့ ဒီလိုပြောတာတွေလည်း ရှိတယ်၊ ဒါနဲ့ပတ်သက်လို့ကတော့ ကျနော်တို့ ပါတီအနေနဲ့ရောကျနော့်အနေနဲ့ရော   ပြောနိုင်တာကတော့ အသစ်ဆွဲဖို့ မလိုဘူး လို့ပဲ ယူဆပါတယ်”။
ဒါဆိုဘာကြောင့် အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကိုဖွဲ့ ခဲ့တာလဲ၊အစိုးရရဲ့ သဘော ထားဟာ ပါတီရဲ့  သဘောထားမဟုတ်ဘူးလား၊ပြည်သူတွေကို နားမလည်ဘူးဆိုပြီး မျက်လှည့်ပြနေ တာလား။နိုင်ငံတကာမှာတော့ အစိုးရရဲ့ သဘောထားဟာ ပါတီရဲ့ သဘောထားဖြစ်တယ် ဦးဌေးဦး နားလည်ရဲ့ လား၊၊
 ဦးအောင်မင်းမှ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးပွဲတွင် သမ္မတ၊ ဒုတိယ သမ္မတများနှင့် ကာကွယ်ရေးဦးစီးချူပ်တို့ ကိုယ်တိုင်လက်မှတ် ရေးထိုးသွားမည်ဖြစ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် ဘန်ကီမွန်းနှင့် အမေရိကန် သမ္မတဟောင်းများကိုပါ လေ့လာသူအဖြစ် ဖိတ်ကြားသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး(သို့ ) အသစ်ရေးဆွဲရေးကို တိုင်းရင်းသားများနှင့်
ပြည်သူများက အာယုံစိုက်လာချိန်မှာ ပြည်သူတွေအပစ်အခတ် ရပ်စဲရေးဘက်ကို စိတ်ဝင်စားအောင်
အစိုးရက လမ်းလွှဲနေပါပြီ အပစ်အခတ် ရပ်စဲရေးဆိုတာ တိုင်းရင်းသားတွေနဲ့  အစိုးရဟာ အကြိမ်ပေါင်း
များစွာ လက်မှတ်ထိုးခဲ့ကြပြီး နောက်ဆုံးတော့ အဆင်မပြေကြလို့  စစ်ပွဲတွေပြန်လည်ဖြစ်ကြကာ
ခြားထဲက ပြည်သူတွေက မြေဇာပင်ဖြစ်ခဲ့ရတာ သေကြကြေခဲ့ကြရတာ အကြိမ်ပေါင်းမနည်းတော့
ပါဘူး။ အခုတခါ မျက်လှည့်ပြဖို့  ကုလသမဂ္ဂနဲ့  အမေရိကန် သမ္မတဟောင်းများကိုပါအသုံးချကြအုံး
မယ်။ တကယ်ငြိမ်းချမ်းချင်တယ်ဆိုရင် အပေးအယူမျှတမှုနဲ့  ဂတိတွေတည်ကြည်ဖို့ ဘဲလိုပါတယ်။
နိုင်ငံတကာကို ပြစားဖို့ မလိုဘာဘူး စစ်ပွဲတွေနဲ့ မငြိမ်းချမ်းဘူးလို့ ထွင်ကွက်တွေဆင်ပြီး ငြိမ်းချမ်းရေး စင်တာက နိုင်ငံတကာကို ငွေတွေလိမ်တောင်းဖို့ ပြင်နေပုံရပါတယ်။နိုင်ငံတကာရှေ့ မှာ လက်မှတ်ထိုး
ပြီး မိမိတို့ လိုချင်တာရပြီးမှ အရင်တုံးကအတိုင်း အဆင်မပြေဘူး ညှီလို့ မရဘူဆိုပြီး ပြန်စစ်ပွဲတွေဖြစ်
လာတော့ ဘာတတ်နိုင်မှာမို့ လို့ လဲ နှစ်ဘက်စလုံးက အကြောင်းအမျိုးပြကြမှာပေါ့ နိုင်ငံတကာလည်း
စတိတ်မန့်  (statements)ထုတ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။

အဓိက ကတော့ အခြေခံဥပဒေပြင်ဆင်ဖို့  တောင်းဆိုလာကြ နိုင်ငံတကာက ဖိအားပေးလာချိန်မှာ
အချိန်မှီလမ်းလွှဲဖို့ ကြိုးစားတာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ အဖြစ်အခတ်ရပ်ဆဲတာနဲ့ မလုံ
လောက်ပါဘူး။ အထိကကျတဲ့ အခြေခံဥပဒေပြင်မှ(သို့ )အသစ်ရေးဆွဲမှ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်း
သားအားလုံး ငြိမ်းချမ်းလုံခြုံစွာဖြင့် ဘ၀အာမခံချက်တွေရှိလာမှာဖြစ်ပါတယ်။အခြေခံဥပဒေရဲ့  အားနည်း
ချက်တွေနဲ့  ဒီမိုကရေစီစံနှုန်းများ၊တိုင်းရင်းသားအခွင့်အရေးများ၊လူ့ အခွင့်အရေးများ၊အလုပ်သမား၊
လယ်သမားများ၏ အခွင့်အရေးများ၊နိုင်ငံရေး၊ပညာရေး၊စီးပွားရေး၊လူမှုရေးစသည့် လိုအပ်ချက်တွေကို
အခြေခံဥပဒေမှ ပြည်သူတွေကို အာမခံနိုင်မည့် ခိုင်မာသည့် တရားဥပဒေစိုးမိုးရေးမဏ္ဍိုင်ကိုတည်
ဆောက်ဖို့  မဖြစ်မနေ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး(သို့ ) အသစ်ရေးဆွဲရေးကိုလုပ်ဆောင်
ရမည်ဖြစ်သည်။ ဒါမှအခြေခံဥပဒေရဲ့ အကာအကွယ်ကို ပြည်သူတွေရရှိနိုင်မှာဖြစ်ပါတယ်။အခြေခံ
ဥပဒေကို ခိုင်မာအောင်တည်ဆောက်နိုင်မှ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အောင်မြင်မည်ဖြစ်ပေသည်။

မြသိန်း