Thursday, September 5, 2013

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ မနက်ဖန် နော်ဝေနိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာမည်

 ၂၀၁၃-၉-၅
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုထွန်းမြင့်အောင်၊ကိုစိုးထွန်း၊ မမီမီလွင် နှင့် မစမ်းစမ်းမော် တို့သည် နော်ဝေနိုင်ငံရှိ Norwegian               Burma Committee ၏ ဖိတ်ကြားချက်အရ မနက်ဖြန် ည ၇း၄၅ နာရီတွင် နော်ဝေနိုင်ငံသို့ ထွက်ခွာကြမည်ဖြစ်သည်။

စက်တင်ဘာ ၇ ရက်၊ ဒေသစံတော်ချိန် နံနက် ၇း ၃၀ နာရီတွင် နော်ဝေနိုင်ငံသို့ ရောက်ရှိကြမည်ဖြစ်ပြီး မွန်းလွဲ ၁း ၀၀ နာရီ၌ NBC (Norwegian Burma Committee)မှ ကြိုဆိုနှုတ်ဆက်ပွဲသို့ တက်ရောက်ကြ မည်ဖြစ်သည်။


စက်တင်ဘာ ၈ ရက်၊နံနက်ပိုင်းတွင် Ministry of local government and regional development   နှင့် တွေ့ဆုံကြမည်ဖြစ်ပြီး ၊မွန်လွဲပိုင်းတွင် professor Stein Tonneson နှင့် researcher Marte  

Nilsen from Peace and Reasearch Institute Oslo (PRIO) တို့၏ ငြိမ်းချမ်းရေးဟောပြောပွဲသို့
တက်ရောက်ကြမည်ဖြစ်သည်။ ညနေပိုင်းတွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ မြန်မာမိသားစုများနှင့်    တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်သည်။ 


စက်တာဘာ ၉ ရက်သည် နော်ဝေနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပသည့်နေ့ဖြစ်သဖြင့် အော်စလိုမြို့တော်ခန်းမ အပါမ၀င် မဲပေးရာနေရာများသို့ သွားရောက်လေ့လာကြမည်ဖြစ်ပြီး ညနေပိုင်းတွင် မဲရေတွက်ပုံများကို လေ့လာ
ကြ မည်ဖြစ်သည်။

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် Nora Sveaas (Professor in psychology) ၏ နိုင်ငံရေး အကျဉ်းသား ပြန်လည်ထူထောင်ရေးဆိုင်ရာဟောပြောဆွေးနွေးပွဲ၊ Kristin Hogdahl (director of National Institution) ၏ လူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲ၊ Ingvill Thorsen Plsner (researcher) ၏ "အမျိုးသမီးနှင့် လူနည်းစုတိုင်းရင်းသားများအတွက် နော်ဝေနိုင်ငံရေးပုံသဏ္ဍန်"    ဟောပြောဆွေးနွေးပွဲတို့ကို တက်ရောက်ပြီး၊ မွန်းလွဲပိုင်းတွင် Siri Skare ၏ " ရွေးကောက်ပွဲ စာင့်ကြည့်လေ့လာခြင်းဆိုင်ရာ နိုင်ငံတကာစံနှုန်းများ " ဟောပြောဆွေးနွေးပွဲ၊ Anne Sofie     
Molandsveen (Project Coordinator, NORDEM) ၏ " ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို
ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း" ဟောပြောဆွေးနွေးပွဲ၊ Stein Terie Holden (Professor) ၏ မြေယာအခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲတို့ကို တက်ရောက်ကြမည်ဖြစ်သည်။ 


စက်တင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းတွင် အော်စလိုတက္ကသိုလ်၌ ကျင်းပပြုလုပ်မည့် "မီဒီယာအခွင့်အရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့် "ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်ကြမည်ဖြစ်ပြီး၊ မွန်းလွဲပိုင်းတွင် " စာရင်းအင်းပညာနှင့် ဒီမိုကရေစီ" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲ၊ ပါတီငယ်များ၊    ညွန့်ပေါင်းအစိုးရနှင့် နော်ဝေနိုင်ငံရေးပုံသဏ္ဍန် " ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲများသို့ တက်ရောက် မည်ဖြစ်ပါသည်။


စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းတွင် အော်စလိုတက္ကသိုလ်၌ ပြုလုပ်မည့်" နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးပုံသဏ္ဍန်များ"

 ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်ကြမည်ဖြစ်ပြီး၊ မွန်းလွဲပိုင်းတွင် " နော်ဝေနိုင်ငံ၊ လူမှုရေးအသိုက်အမြုံ " ၊ " ဒီမိုကရေစီနည်းကျ နိုင်ငံသားတို့အတွက် ပညာရေး " ခေါင်းစဉ်များဖြင့်   ဟောပြောဆွေးနွေးပွဲများသို့ တက်ရောက်မည်ဖြစ်သည်။

စက်တင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် "စီးပွားရေးနှင့် လူအခွင့်အရေး" ၊ " နော်ဝေနိုင်ငံ အကောက်ခွန်

နှင့် ဘဏ္ဍာရေးစနစ် " ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးပွဲများကို တက်ရောက်ကြမည်ဖြစ်ပြီး၊ မွန်းလွဲပိုင်းတွင် Nobel Peace Center သို့သွားရောက်လေ့လာကြမည်ဖြစ်သည်
စက်တင်ဘာ ၁၄ ရက် တွင် အော်စလိုမြို့မှ ဘာဂန် (Bergen)မြို့သို့ သွားရောက်ကြမည်ဖြစ်သည်။
စက်တင်ဘာ ၁၅ ရက်၊ နံနက်ပိုင်းတွင် ဘာဂန်မြို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကြမည်ဖြစ်ပြီး၊    မွန်းလွဲပိုင်းတွင် ဘာဂန်မြို့ခံတို့၏ ဖျော်ဖြေပွဲကို တက်ရောက်ကြမည်ဖြစ်သည်၊ ညနေပိုင်းတွင် ဘာဂန်မြို့ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်သည်။


စက်တင်ဘာ ၁၆ ရက်တွင် ဘာဂန်မြို့ရှိ ထင်ရှားသောနေရာများကို လေ့လာကြမည်ဖြစ်ပြီး၊ မွန်းလွဲပိုင်း

တွင် ဘာဂန်မြို့မှ အော်စလိုမြို့သို့ပြန်လည်ထွက်ခွာကြမည်ဖြစ်သည်။

စက်တင်ဘာ ၁၇ ရက်၊နံနက်ပိုင်းတွင် Norwrgian Burma Committe ၌နော်ဝေနိုင်ငံ၊လူ့မှုအဖွဲ့အစည်း  များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ပြီးမွန်လွဲပိုင်းတွင် နော်ဝေနိုင်ငံ ရေနံနှင့် စွမ်းအင်ဝန်ကြီးဌာန

သို့ သွားရောက်လေ့လာကြမည်ဖြစ်သည်၊ ညနေပိုင်းတွင် " ခွဲခြားဆက်ဆံခြင်းမရှိ၊ တန်းတူ
ညီမျှရှိရေး " ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်ကြမည်ဖြစ်သည်။


ယင်းနေ့ ညနေပိုင်းတွင် နော်ဝေနိုင်ငံ အော်စလိုမြို့မှ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့သို့ ထွက်ခွာကြမည်ဖြစ်

သည်၊ စက်တင်ဘာ ၁၈၊၁၉၊၂၀ ရက်တို့တွင် ဂျာမန် ပါလီမန်၊ ဂျာမန် ဖယ်ဒရယ်ကောင်စီနှင့်    ဂျာမန်နိုင်ငံရေးပါတီများ သို့ သွားရောက်လေ့လာကြမည်ဖြစ်သည်။

စက်တင်ဘာ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဘာလင်မြို့မှ အော်စလိုမြို့သို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်ပြီး၊ မွန်းလွဲပိုင်းတွင်နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာကြမည်ဖြစ်သည်။
စက်တင်ဘာ ၂၂ ရက်၊ နံနက် ၉း၀၀ နာရီတွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိကြမည်ဖြစ်သည်။