skip to main |
skip to sidebar
မြေနီကုန်းဈေးဟောင်း (Myanmar Peace Center ရှေ့ ) အား ၁၉၉၆ ခုနှစ်တွင် အဆင့်မြှင့်ဈေး တည်ဆောက်ရန်အတွက် ဈေးသူဈေးသားများအား ၁၉၉၅ ခု မတ်လ ၂၅ ရက်နေ့တွင် သံလွင်ဈေးတွင် ယာယီနေရာချထားပေးခဲ့သော်လည်း ယနေ့အချိန်ထိ မြေနီကုန်းဈေးတည်ဆောက်ပေးခြင်းမရှိသော ကြောင့် ဈေးသူဈေးသားများမှ အမျိုးသားလွှတ်တော် (ပြည်သူတို့၏တိုင်ကြားစာနှင့်အသနားခံဆိုင်ရာကော်မတီ)သို့ တင်ပြခဲ့ရာ ကော်မတီမှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းချက်များပေးပို့ခဲ့သော် လည်း ထူးခြားမှုမရှိခြင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် (၀၉-၇၃၁၁၀၅၄၅) မှလွှတ်တော်တွင် မြေနီကုန်းဈေးပြန်မရခြင်းကိစ္စ
ဆွေးနွေးမေးမြန်းခဲ့သော်လည်းထူးခြားမှု မရှိခြင်းတို့အတွက်
ဈေးသူဈေးသား(၁၀၀)ကျော်မှ (၆-၉-၂၀၁၃)နေ့လည် (၁၂း၀၀)နာရီတွင် MYANMAR PEACE
CENTER ရှေ့တွင် တရားဝင်ဆန္ဒထုတ်ဖော်မည်ဖြစ်သဖြင့် သတင်းယူပေးနိုင်ရန် မေတ္တာရပ်ခံပါသည်။စစ်အစိုးရလက်ထက် ပြည်သူများအား အနိုင်ကျင့်ပြုလုပ်ခဲ့မှုများကို ပြန်လည် ဖြေရှင်းပေးခြင်းမရှိပဲ အတွင်းရေးမှူး(၁)၏ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ထူးကုမ္ပဏီက မတရားသိမ်း ပိုက်ထားကြောင်းသိရှိရသည်။
အသေးစိတ်သိလိုပါက
ဒေါ်မြမြ (၀၉-၇၃၁၁၄၆၈၆)