Thursday, September 12, 2013

နိုင်ငံခြားဘဏ်များတွင် ဘဏ်စာရင်း ၅ ခုဖွင့်ကာ အပ်နှံထားသည့် ဒေါ်လာ (၁၁) ဘီလျှံရှိသည်


၂၀၁၃-၉-၁၂
"တွေးလေ တွေးလေ အရိုးထိအောင်နာပြီးကမ္ဘာတုန်အောင် ကုန်းအော်ပစ်လိုက်ချင်တယ်"

ကမ္ဘာပေါ်မှာ သဘာဝသယံဇာတအပေါကြွယ်ဝဆုံးဆိုတဲ့ တစ်ချိန်က ကျားဖြစ်ခဲ့တဲ့ ကျွန်တော်တို့   မြန်မာနိုင်ငံကြီးက ကမ္ဘာ့အညွန်းကိန်းတိုင်းတွင် အောက်ခြေမှာ ပြားပြားဝပ်နေရသောနိုင်ငံ
 ဖြစ်နေရပြီး မြန်မာနိုင်ငံတော်ကြီးဟာလည်း အကြွေးပတ်ချာလည်ဝိုင်းလို့ . . .

နိုင်ငံသားတွေဟာလည်း ကိုယ့်နိုင်ငံက သဘာဝသယံဇာတတွေ ဓာတ်ငွေ့တွေနဲ့ စက်မှုလုပ်ငန်း
တွေ ဖွံ့ဖြိုးတိုးတက်ပြီး ကြီးပွားချမ်းသာနေတယ်တဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်ကြမ်းတွေ လုပ်နေကြရတယ်။ ဂုတ်သွေး စုပ်ချင်တိုင်းစုပ်ပြီး နိုင်ကျင့်ချင်တိုင်း ကျင့်တာခံနေရတယ်။ 
အစော်ကား အမော်ကားခံနေရပြီး ဒုက္ခပင်လယ်ဝေနေရတယ်။

နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံသားတွေဟာလည်း သဘ၀ဘေးဒုက္ခတွေ စစ်ဘေးဒုက္ခ၊ ပြည်တွင်း ပဋိပက္ခအကြမ်းဖတ်မှုတွေ ခါးစည်းအောင်ခံနေရတယ် . .. ဆင်းရဲသားပြည်သူအချို့မှာ ထမင်းစားဖို့အရေးတောင် ခေါင်းပေါ်ကဆံပင် ဖြတ်ရောင်းပြီးစားနေရတဲ့ အခြေအနေတွေမှာ
ဘယ်သူအပ်ထားမှန်းမဖော်ပြနိုင်တဲ့ မြန်မာနိုင်ငံမှ ပြည်ပတွင်ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေတယ်ဆိုတော့  ရင်နာစရာ ဘယ်လောက်ကောင်းလိုက်သလဲဗျာ။

တွေးလေ တွေးလေ အရိုးထိအောင်နာပြီး ကမ္ဘာတုန်အောင် ကုန်းအော်ပစ်လိုက်ချင်တယ်။

ကျော်ကြီး


၁ - ဗိုလ်ချုပ် မှုးကြီး ဟောင်း သန်းရွှေ
၂- Air Bagan လေကြောင်း လိုင်း ပိုင်ရှင် ဦးတေဇ
၃- သွင်း ကုန် ၊ ထုတ် ကုန် နှင့် ဘဏ် လုပ် ငန်းရှင် ဦးအောင်သောင်း
၎- အာဏာရှင် ဟောင်း ဦးနေ၀င်း မိသားစုနှင့်
၅ မကြာသေးခင်က ကွယ်လွန်ခဲ့သည့် ဘိန်းဘုရင် လော်စစ်ဟန် တို့  ဟု ထင်ကြေးပေးနေကြသည်။