Thursday, September 12, 2013

ပုဒ်မ(၁၈)နဲ. ကျွန်တော်တို.ပြည်သူ

၂၀၁၃-၉-၁၂ 
ပဲခူးမြို့နယ် တရားရုံးတွင် လယ်သမားအရေးဆောင်ရွက်သော ဦးဝင်းချို+(၅)ဦးအား ယနေ့ ရုံးထုတ် စစ်ဆေးကြောင်းသိရသည်။(၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်း ဖြစ်ကြောင်းသိရပြီး ဦးဝင်းချို၊  ရန်ပိုင်စီုးတို့နှစ်ဦးအားပုဒ်မ(၁၈)၊၅၀၅-ခ ဖြင့်တရားစွဲဆိုပြီး ကျန် လေးဦးအား ပုဒ်မ(၁၈)ဖြင့်စွဲ ဆိုထားကြောင်းသိရသည်။

၎င်းတို့သည် (၃၁.၈.၂၀၁၃)နေ့ကလယ်ယာမြေ သိမ်းဆည်းခံ လယ်သမားများ ဆန္ဒ ဖေါ်ထုတ်ပွဲကို ခွင့်ပြုချက် မရဘဲ ပဲခူးမြို့ ရွှေမောဓေါ ဘုရားလမ်းတွင်ပြုလုပ်ခဲ့သဖြင့် အရေးယူရခြင်းဖြစ်ကြောင်း              တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ထိုကိစ္စနှင့်ပါတ်သက်၍ ဖမ်းဆီးခံရသူ (လေးနိုင်ဦး)၏ အဖေ ဦးဇော်ဝင်းအားမေးမြန်း
ကြည့်ရာ "သူတို့ခွင့်ပြုမိန့်တင်တယ် အဲ့ဒါကို သက်ဆိုင်ရာက (၃)ကြိမ်တိုင်တိုင် ပယ်ပါတယ်။ မရလိုပြရတာပါဟုပြောပါသည်။

ပန်းရဲ.လမ်း ကကိုရဲလွင်နှင်.အဖွဲ.၊လယ်သမားအရေးတက်ကြွလှုပ်ရှားသူများ၊
တောင်သူဦးကြီးများနှင့်  ပြည်သူအများ ပဲခူးတရား၇ုံးသို.လာရောက်အား
ပေးကြပါတယ်။

(သားညီ-ပဲခူး) via Kyi Linn.