ရဲဘော်တို့...........
လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျောက်စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့သမိုင်းမှာဘယ်ခေတ် ဘယ်အခါကမှ မရှိခဲ့ပါဘူး။ ဟစ်တလာလဲ သူ့ထက်ကြီးမား
တဲ့အင်အားနဲ့ ချေမှုန်းတိုက်ထုတ်ပစ်လိုက်ရတာပဲ
အဲဒါကြောင့် ဒိုင်ယာလော့ခ်တို့ ၊ လုံခြုံရေးကောင်စီတို့ ဆိုတာတွေနဲ့ စိတ်ကူးယဉ်ပြီး အချိန်တွေ ဖြုန်းမနေကြပါနဲ့။ တိုင်းပြည်ကနာလှပါပြီ။ ပြည်သူတွေ ဒုက္ခရောက်လှပါပြီ ။ဒီအာဏာရှင်စနစ်ဆိုးကြီး အောက်မှာ
ကိုဖို့စ်အောက်လုပ်နိုင်တဲ့ ဖို့စ် ကျနော် တို့မှာ ၊ လက်ထဲမှာ အသင့်ရှိနေပါတယ်။အဲဒီဖို့စ်အောက်က
ပြည်သူဆိုတဲ့အင်အားပဲဖြစ်တယ်။ (လူထု ဦးစိန်ဝင်း)
လူထုဦးစိန်ဝင်းရဲ့ စကားအတိုင်း ဖို့ ဒ်အောက်လုပ်ဖို့ လာပါတော့မယ် ပြည်သူ့ ဆန္ဒဖေါ်ထုတ်ဖို့  အကောင်းဆုံးလက်နက်က ပြည်သူ့ အင်အား(People Power)ပါ။
၂၁ ရာစုခေတ်မှာ တိုင်းပြည်မနစ်နာရအောင် ငြိမ်းချမ်းတဲ့နည်းနဲ့  ဖြေရှင်းရာ ၂၀၁၅ ရွေးကောက်ပွဲ
က အခရာကျပါတယ်။လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိဘူး ပွင့်လင်းမြင်သာမှုမရှိ၊
အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ အညီ မပြင်ဆင်ဘူးဆိုရင် အစိုးရကို ဖို့ ဒ်အောက်လုပ်ဖို့  အင်အားတွေမွေးထားကြပါ။
လက်ရှိ ပြည်သူတွေ အာဏာရှင်တို့ ၏ ဆင်းရဲတွင်းမှ လွတ်ကင်းအောင်လုပ်ဖို့ ဆိုရင် ပြည်သူကို တန်ဖိုးထားတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရပေါ်ပေါက်လာစေဖို့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်မှသာ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။၂၀၁၅ မှာ သူမရဲ့ ပေးဆပ်မှုနဲ့  ကြိုးစားအားထုတ်မှုတွေဟာ တိုင်းပြည်အတွက် ထွန်းလင်းတောက်ပြောင်လာမည်ဖြစ်ပေသည်။
အထက်ပါပုံသည် အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ်ကို သူယုတ်မာနှင့် သူတော်ကောင်းကို ခွဲခြားသိစေရန် သုံးနှုန်းထားခြင်းသာဖြစ်သည်။
မြသိန်း
