Tuesday, August 27, 2013

လူအင်အား၅၀ကျော်ဟာ ပုဒ်မ ၁၈ကိုဖျက်သိမ်းပေးဖို့ 
ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်

  ဓါတ်ပုံ ကျော်စိုးနိုင်
ယင်း ပြဋ္ဌာန်းသော ဥပဒေတွင် ပုဒ်မ ၁၈ ၌ “မည်သူမဆို ခွင့်ပြုမိန့် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင်ထိုသူကတစ်နှစ်  ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ဝ,ဝဝဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်" ဟု ပြဋ္ဌာန်းထားရာ ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်း စွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းပြုသူများသည် ယင်းဥပဒေပုဒ်မ ၁၈ အရ အရေးယူအပြစ်ပေး ခံရမည်ဖြစ်ကြောင်း အထူး ဥပဒေဖြစ်သော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေ ပြဌာန်းထားသည်။သို့ သော်လည်း ပြည်သူများမှ ဆန္ဒထုတ်ဖော်ရန် ဥပဒေအတိုင်း ခွင့်ပြုမိန့်  လျှောက်ထားရာတွင် နည်းအမျိုးမျိုးဖြင့် ခွင့်ပြုမိန့် ကို ပိတ်ပင်ကြောင်း ပြုလုပ်လျှက်ရှိသည်ဟု သိရှိရသည်။ 
 ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်ရှိလျှောက်လှမ်း   နေပြီ ဖြစ်ပါသည်။ ဒီမို ကရေစီ ခေတ်တွင် ဒီမိုကရေစီ၏ မူဝါဒ အရ ပြည်သူများသည် မိမိတို့၏ ဆန္ဒများကို ထုတ်ဖော် ပြသခွင့်များ ရရှိလာပါသည်။ ဆန္ဒပြသူများ အနေနှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းတို့ကို စနစ်တကျ သုံးစွဲဆောင်ရွက်ခွင့် ရရှိစေရန် ဥပဒေက အကာအကွယ်ပေးရန် လိုအပ်ပေသည်။ 
လူအင်အား၅၀ကျော်ဟာ ပုဒ်၁၈ကိုဖျက်သိမ်းပေးဖို့  ခွင့်ပြုချက်မယူဘဲ မြေနီကုန်းမှ ဆူလေအထိ ဆန္ဒထုတ်ဖော်လမ်းလျှောက်ခဲ့ကြပါတယ်။