Thursday, August 29, 2013

ဆီးရီယားနိုင်ငံကို အမေရိကန်က မနက်ဖန်တိုက်ဖို့ ပြင်ဆင်

 
ဆီးရီယားနိုင်ငံ ပြည်တွင်းစစ်မှာ ဓာတုလက်နက် အသုံးပြုတယ်လို့  အမေရိကန်က အထောက်အထားနဲ့  ရရှိထားပါတယ်။ဓာတုလက်နက်ကြောင့် ကလေးငယ်များအပါအ၀င်လူပေါင်း ၁၀၀၀ ကျော်သေဆုံး ခဲ့ရပြီး ပြည်တွင်းစစ်ကြောင့် အပြစ်မဲ့ပြည်သူတွေ ယနေ့ အချိန်အထိ ၁ သိန်းကျော်   သေဆုံးခဲ့ရပါတယ်။ ကမ္ဘာမှာ ဓာတုလက်နက်ကို အချိန်မှီတာဆီးနိုင်ဖို့ အတွက် သမ္မတ အိုဘားမားက အမိန့်ပေးလာရင် အမေရိကန်စစ်တပ်အနေနဲ့ အရေးယူဆောင်ရွက်ဖို့ အသင့်ရှိနေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ်လ် (Chuck Hagel) က ပြောလိုက်ပါတယ်။
ဒီနေ့ ဟာ Dr. Martin Luther King Jr: 'I have a dream'  မာတင် လူသာ ကင်းရဲ့ ( ကျွန်မှာ အိမ်မက်တွေရှိတယ် )ဆိုတဲ့ စကားနဲ့ ထင်းရှားခဲ့တဲ့ အနှစ်  ၅၀ မြောက် အထိမ်းအမှတ်နေ့ ဖြစ်တဲ့ အတွက် လူမဲအခွင့်အရေးတောင်းဆိုတဲ့သူအဖြစ် ထင်ရှားပါတယ်။ အမေရိကားမှာ အကြီးအကျယ် ကျင်းပနေရာ သမ္မတ OBAMA က မိန့် ခွန်းပြောကြားဖို့ ရှိတဲ့အတွက်  မနက်ဖြန် ကြာသပတေးနေ့          မှာ ဆီးရီယားဘက်က စစ်မရပ်ဆဲရင် မောင်းသူမဲ့လေယဉ်တွေနဲ့  ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့  သတင်တွေအရသိရပါတယ်။ အမေရိကားနဲ့ အတူ နေတိုးအဖွဲ့ ဝင်နိုင်ငံတွေကတော့ အဆင်သင့်   ပြင်ဆင်ထားတာတွေ့ ရပါတယ်။စစ်သဘောင်္တွေကို လယ်ဘလွန် နိုင်ငံဘက်မှ အသင့်ရှိနေပြီး ၃ရက်  အတွင်း အပြတ်တိုက်မယ်လို ဆိုထားပါတယ်။
ဆီးရီယားနိုင်ငံ အာဏာရှင် အာဆတ်ကတော့ အကယ်၍ အမေရိကားက ဦးဆောင်တိုက်ခိုက်လာ မယ်ဆိုရင် အမေရိကားဟာ ရန်သူ့ နိုင်ငံတခုတခုအနေနဲ့ တိုက်ခိုက်ခံရမယ်လို့  သတိပေးထားပါတယ်။