Tuesday, August 27, 2013

ဗေဒင်ဟောစာတမ်း

 ၂၀၁၃-၈-၂၇
ကျွန်တော်ဗေဒင်တစ်ခုဟောပါ ရစေ/ယခုသမဝန်ကြီးဌာန ဦးကျော်ဆန်းက နိုင်ငံမှာအောက်ခြေ လူတန်းစား တွေကိုငွေထုတ်ချေးဘို့ တရုပ်နိုင်ငံကနေ ဒေါ်လာ သန်း တစ်ရာချေးတဲ့ကိစ္စပါ/မြုပ်ကွက်တွေအများကြီးထဲက တစ်ကွက်ပြောလိုပါတယ်/အဲဒီငွေတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်ရံပုံငွေဖြစ်သွားမှာပါ/ သမဝန်ကြီးဌာနကြံ့ဖွံ့ပါတီ အနိုင်ရရေးဝန်ကြီးဌာနအဖြစ် လှုပ်ရှားမှာဖြစ်ပါတယ်/ကြံ့ဖွံ့ အမာခံများကို ဒေသအလိုက် သမဝန်ကြီးဌာနကိုယ်စား အဲဒီငွေတွေ ထုတ်ချေးခွင့်ပေး ပြီး ၂၀၁၅ မဲများကိုရရှိရေး ဆောင်ရွက်မှာဖြစ်ပါတယ်/ ၂၀၁၀ ရွေးကောက်ပွဲတုံးက ကြံ့ဖွံ့ပိုင်ငွေများကိုထုတ်ချေး ပြီးမဲရရေးဆောင်ရွက်ခဲ့တာ ငွေပြန်မဆပ်ကြတာများတယ်/ မဲတော့နိုင် သွားတယ်/အခုကျ တိုင်းပြည်ကဆပ်ရမဲ့ငွေဖြစ် သွားပြီ/သူတို့မနိုင်ရင်နောက် အစိုးရခေါင်းပေါ် ထားခဲ့မယ်/ အောက်ခြေလူတန်းစားကလဲ ငွေချေးပြီးသုံးစွဲပစ်မှာမို့ ပြန်ဆပ် နိုင်မှာမဟုတ်/ရအောင်
ဥပဒေ အရတောင်းရင်လဲ ဆူပူမှုတွေ ဖြစ်မယ်ဗျာ/အောက်ခြေလူတန်းစားကလဲ သူတို့ကိုမဲဆွယ်ပြီး   ငွေချေးတာ သိနေတော့ပြန်ဆပ်ဖို့တွေးမှာ မဟုတ်ဘူး/ကျွန်တော်တို့ လူလတ်တန်းစားတွေ ဝန်ထမ်း တွေအတွက် တရုပ်ကိုဆပ်ရန် ကြွေးဒေါ်လာသန်းတစ်ရာလို့ မှတ်လိုက်တော့/ဂျပုနဲ့ကြံ့ဖွတ် ကတော့အေးဆေးဘဲ။

Cyclone Power