skip to main |
skip to sidebar
ပြည်တွင်းပြည်ပမှ ၈၈မျိုးဆက် ညီအစ်ကို မောင်နှမများခင်ဗျား-
၂၀၁၃ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်နေ့တွင် ကျရောက်မည့် ရှစ်လေးလုံး
ဒီမိုကရေစီ အရေးတော်ပုံ၏ ၂၅နှစ်ပြည့် ငွေရတု အခမ်းအနားကြီးကို
၈၈မျိုးဆက် ပြည်တွင်းပြည်ပမှ ညီအစ်ကို မောင်နှမများ၊
ဒီမိုကရက်တစ်အင်အားစုများနှင့်အတူ ရန်ကုန်မြို့တွင် နိုင်ငံရေးအနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားကြီးတွင် ပြည်တွင်း ပြည်ပမှ ၈၈မျိုးဆက် ဒီမိုကရေစီအင်အားစုများအားလုံး စုံညီစွာတက်ရောက်၍ နိုင်ငံရေးအနှစ်သာရပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ နယ်ပယ်၊ ဒေသအသီးသီးတွင် တာဝန်အသီးသီးဖြင့်ရောက်ရှိနေကြသော ၈၈မျိုးဆက် ညီအစ်ကို မောင်နှမများ၊ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်၊ ဆက်သွယ်ဆောင်ရွက်နိုင်ရန်
အတွက် အောက်ပါ email address သို့ ဆက်သွယ်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။