၂၀၁၃-၅-၂၅
ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေးနှင့်ဇနီးတို့သည် ၃ ရက်ကြာအလည်အပတ် ခရီးအဖြစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
နှင့် ရန်ကုန်မြို့တော်ဝန်၊ သံတမန်များ၊ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန် အပါအ၀င် လွှတ်တော်တွင်း ဌာနဆိုင်ရာ ၀န်ကြီးများနှင့်လည်းတွေ့ ဆုံမည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ ဆုံရန်ရှိသည်။
ဂျပန်နိုင်ငံတွင် ကြွေးတင်လျှက်ရှိသော ယန်း သန်းပေါင်း ၂၀၀၀ ကိစ္စကို လျှော့ပေးရန်နှင့် ယန်း
သန်းပေါင်း ၁၀၀၀ ကို ODA ပေးရန် ကိစ္စအပါအ၀င် ဂျပန်ဝန်ကြီးချုပ်နှင့်အတူ ဂျပန်စီးပွားရေး လုပ်ငန်း ရှင် အများအပြားလည်း လိုက်ပါလာသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်သို့  သွားရောက် လေ့လာမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ ရေးထိုးရန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ၀န်ကြီးချုပ်အဆင့်ဖြင့် ပထမဆုံးအကြိမ်ဖြစ်ပြီး ရန်ကုန်မြို့ ချတ်ထြီယန်ဟိုတယ်တွင် တည်းခိုလျှက်ရှိသည်ဟု သိရသည်။
