၂၀၁၃-၅-၂၂
ကျွန်မအခုဥပဒေကဲ့သို့တည်သော နိုင်ငံတော်သမ္မတ၏ ၁/၂၀၁၃ နှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေး ရှုထောင့် နှင့်ဒီမိုကရေစီအဆောင်အအုံ များခိုင်မာရှင်သန်ရေးရှုထောင့်မှဆွေးနွေးတင်ပြချင်ပါတယ်ကျွ န်မ တို့တရားဥပဒေစိုးမိုးရေး ကိုနှစ်သက်တဲ့သူများအတွက် ဥပဒေကဲ့သို့အာဏာတည်သောအမိန့် များဆို တာဟာအင်မတန်မှသတိပြုကြီးစွာနဲ့ချဉ်းကပ်ရမှာဖြစ်ပါတယ် တရားဥပဒေနဲ့အမိန့်အကြား ကွာခြားမှု ဟာကြီးလွန်းတာကြော င့်မိုလို့ဆန့်ကျင်ဘက်လို့ေ တာင်ပြောနိုင်ပါတယ် တရားဥပဒေဆိုတာ အများ ပြည်သူက တရားတယ်လိုအပ်တယ်လို့လက်ခံထားတဲ့ စည်းမျဥ်းစည်းကမ်းသတ်မှတ်ချ က်များဖြစ် ပါတယ် အမိန့်ဆိုတာကကတော့ အာဏာရှိသူများက အထက်ကနေပြီးတော့ ပြည်သူများရဲ့ဆန္ဒ ပါသည်ဖြစ်ေ စမပါသည်ဖြစ်စေ သတ်မှတ်ချမှတ်တဲ့ အမိန့်တွေဖြစ်ပါတယ် ဒါကြောင့်မိုလို့ ကျွန်မတို့ ဟာ
ဥပဒေကဲ့သို့အာဏာတည်သောအမိန့် များနဲ့ပတ်သက်လို့သတိကြီြး ကီးနဲ့ဆောင်ရွက်စေချင်ပါတယ်။ အထူးသဖြင့် ဒီအချိန်မှာ ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ သွားနေပြီဆိုပြီးတော့
တစ်ကမ္ဘာလုံးကိုအတွင်တွင် ကြေငြာနေတဲ့အချိန်ဖြစ်တာကြောင့်မိုလို့ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေ
နဲ့ မကိုက်ညီတဲ့ကိစ္စမှန်သမျှ ကို ရှောင်နိုင်သမျှရှောင်ရမှာဖြစ်ပါတယ်။
အခု၁/ ၂၀၁၃ အရကြေညာထားတဲ့အရေးပေါ်အခြေအနေဟာ လိုအပ်သလားမလိုအပ်ဘူးလားဆို တာ
ကျွန်မတို့စဉ်းစားရပါမယ် သို့အပြင်အရေးပေါ်အခြေအနေ ပြဌာန်းပိုင်ခွင့် သတ်မှတ်ထားတာ သတ်မှတ်ပုံတွေက လိုအပ်သလားမလိုအပ်ဘူးလား သင့်တော်သလားမသင့်တော်ဘူးလားဆိုတာ ကျွန်မ တို့သုံးသပ်ရမှာဖြစ်ပါတယ်။
မိတ္ထီလာမှာဖြစ်ခဲ့တဲ့ကိစ္စေ တွမှာဆိုလို့ရှိရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက တည်ဆဲဥပဒေများက လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စတွေကို အပြည့်အ၀လုပ်ခဲ့ရဲ့လားဆိုတာ ကျွန်မတို့ စဉ်းစားရပါမယ်။အုပ်ချုပ်ရေးပိုင်း ဆိုင်ရာက မိမိတို့ရှိတဲ့လုပ်ပိုင်ခွင့်များနဲ့ တည်ဆဲဥပဒေများအရ အခြေအနေတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ထိန်း ချုပ်ဖို့အစွမ်းကုန်ကြိုးစား ပြီး မဖြစ်မြောက်မှသာလျှင် အရေးပေါ်အခြေအနေ ဥပဒေကိုစဉ်းစားရမှာ ဖြစ်ပါတယ်။
ကျွန်မတို့အခုဒီလိုလုပ်ခဲ့ရဲ့လားဆိုတာကိုစဉ်းစားဖို့လိုပါတယ် ဒီမှာပွင့်လင်းမြင်သာမှုနည်း နေတာကြောင့် မိုလို့ကျွန်မတို့ဒီကိစ္စကိုသုံးသပ်ဖို့က ခက်နေပါတယ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက တကယ်ပဲလုပ်သင့် လုပ်ထိုက်တဲ့ လုပ်နိုင်တဲ့ကိစ္စတွေကို အားလုံးလုပ်ခဲ့ရဲ့လားဆိုတာကို မသုံးသပ်နိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ နောက်ပြီးတော့ ဒီအရေးပေါ်အခြေအနေကိုကြေညာတဲ့အ ခါမှာမူလအခြေအနေကို
အမြန်ဆုံးပြန်ရောက်သွားဖို့ ဆိုတဲ့ သဘောတရားလဲပါပါတယ် အဲဒါကိုကျွန်မတို့မမေ့သင့်ပါဘူး။
ဒီတော့မူလအခြေအနေကို အမြန်ဆုံးပြန်ရောက်သွားဖို့ ဘာတွေစွ မ်းဆောင် နေလဲဆိုတာလဲ အများပြည်သူကနေသိဖို့လိုပါတ ယ်။ဒီဟာကိုလည်းအုပ်ချုပ်ရေးပို င်းဆိုင်ရာကနေထိထိရောက်ရောက်စွမ်းဆောင်ပေးဖို့လိုနေတယ် လို့ကျွန်မတို့ထင်ပါတယ်။အရေးပေါ်အခြေအနေကြေညာပုံ ကြေညာနည်း
ဒီလို ဥပဒေကဲ့သို့အာဏာတည်သော အမိန့် ထုတ်ပြန်ပုံနဲ့ပတ်သက် လို့ ရှိရင် လွယ်ကူလွန်းတယ်လို့ ထင်မိပါတ ယ် ဒီလိုအမိန့်အာဏာများသုံးဖို့  ဒီလိုအရေးပေါ်အခြေအနေမျိုးေ ကြညာဖို့ဆိုလို့ရှိရင်
အင်မတန်မှ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းများချမှတ်ထားဖို့လိုပါတယ် အခုဖွဲ့စည်းပုံအခြေခံဥပဒေ ထဲ မှာပေးထားတဲ့ အခွင့်အာဏာတွေဟာ ကျဉ်းမြောင်းသင့်သလောက်မကျဥ်းမြောင်းဘူး ပြတ်သားသင့် သလောက်မပြတ်သားဘူးလို့ထင်ပါတယ်။
ပြည်သူ့အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့်ဆိုတာက အင်မတန်မှ ကျယ်ပြန့်တဲ့အဓိပ္ပာယ်ကိုဖော်လို့ ရပါတယ် တကယ်ဆိုရင်ဒါ့ထက်ပိုပြီးတိကျပြီး ဒါ့ထက်ပိုပြီးကျဉ်းမြောင်းတဲ့အကြောင်းအရာနဲ့သာ
အရေးပေါ်အခြေအနေကိုထုတ်ပြန်သ င့်တယ်လို့ ကျွန်မကတော့ယူဆမိပါတယ်။နောက်ပြီးတော့ဒီလို အမိန့် မထုတ်ခင်မှာဆိုရင် ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ တွေညှိနိုင်းရမယ်ဆိုပေမယ့် လည်း အရှေ့က ကိုယ်စားလှယ်တွေပြောသွားတဲ့အတိုင်းပဲ နိုင်ငံတော် သမ္မတက ကာကွယ်ရေးဦးစီးချုပ်၊ဒုကာကွယ်ရေး ဦးစီးချုပ်၊ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့နဲ့ တိုင်ပင်ပြီးလုပ်နို င်တဲ့အခြေအနေရှိပါတယ်။ အမြန်ဆုံးကာလအတွင်းမှာအခြား အဖွဲ့အ၀င်တွေရဲ့အတည်ပြုချက် ယူရမယ်ဆိုတာပါပေမယ့်လည်း
သုံးသပ်လိုက်ရင် ဒီလိုဥပဒေကဲ့သို့အာဏာတည်သော အမိန့်တစ်ခုမထုတ်ခင်မှာပြည် သူများက တိုက်ရိုက်တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယော က်မှမပါဝင်တဲ့အဖွဲ့ကနေဆုံြး ဖတ်ပိုင်ခွင့် ရှိတယ် ဆိုတာ…. မှန်ရဲ့လားဆိုတာ ကျွန်မတိြု့ ပန်ပြီးတော့စဉ်းစားရမယ်။ နောက်ပြီးတော့လဲ ဆက်ပြီးတော့ လုပ်တဲ့နေရာမှာ အဲ့လောက်ထိဘာကြောင့်လိုအပ် သလဲဆိုတာကို အုပ်ချုပ်ရေးဆိုင်ရာရဲ့စွမ်းဆောင်မှု များပေါ်မှာအခြေခံပြီးတော့ရှင်းရမှာပါ။အရင်းတုန်းက အဖြစ်အပျက်တွေပေါ်မှာအခြေ ခံပြီးတော့ရှင်း ရမှာမဟုတ်ပါ ဘူး။ အခုပြီးခဲ့တဲ့ရက်ပေါင်းေ ခြာက်ဆယ်အတွင်းက အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဘာလုပ်ခဲ့ သလဲဘယ်လိုစွမ်းဆောင်ခဲ့သလဲ ဒီစွမ်းဆောင်မှုများဟာ ဘယ်လိုမအောင်မြင်လို့အရေးပေါ်အခြေ အနေကိုကြေညာသင့်သလဲဆို တာကို အများနားလည်အောင် အများလက်ခံနိုင်အောင်လို့ရှ င်းပြဖို့ လိုပါလိမ့်မယ်။
တကယ်တော့အရေးပေါ်အခြေအနေကိုဆ က်ပြီးတော့ ထားချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာဟာ မိမိတို့ကိုယ်တိုင် အခြေအနေကိုမထိန်းသိမ်းနိုင် လို့ဆိုတဲ့အဓိပ္ပာယ်ရောက်ပါတ ယ်။ ဘာ့ကြောင့်အခြေအနေကို မထိ န်းသိမ်းနိုင်လဲဆိုတာဟာ ပြည်သူများမှာသိပိုင်ခွင့်ရှိပါတယ်။
ကျွန်မတို့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဆိုလို့ရှိရင် ကန့်သတ်ချက်များဟာ အင်မတန်မှနည်းတယ် လို့ စောစော ကပြောသွားပါတယ် အရေးပေါ်အခြေအနေကြေညာတဲ့အချိန်မှာ ကြေညာထားတဲ့ကာလ အတွင်းမှာ တရားစီရင်ရေးမဏ္ဍိုင်ရဲ့အခန်း ကဏ္ဍဆိုတာလုံးဝ မပါဝင်ပါဘူး ဒါဟာလည်း အင်မတန်မှ စိတ်ပူစရာ စိုးရိမ် စရာဖြစ်ပါတယ်။ အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့လုပ်ပိုင်ခွင့်တွေ ကို တရားစီရင်ရေးမဏ္ဍိုင်က မထိန်းချုပ်ထားဘူးဆိုရင် အရေးပေါ်အခြေအနေ အတွင်းမှာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စ တွေဖြစ်နိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်နိုင်ပါတ ယ် ဒါကြောင့် တကယ်ပဲကျွန်မတို့ဟာ ဒီမိုကရေစီရဲ့ ဒီမဏ္ဍိုင်ကြီး သုံးခုရဲ့ညီမျှ မှုကို ယုံကြည်တယ်ဆိုလို့ရှိရင် ဒီလိုအရေးပေါ်အခြေအနေမျိုးမှာ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်တို့ရဲ့အခန်းကဏ္ဍတွေကို မြှင့် တင်ဖို့လိုမယ်လို့ကျွန်မထင် ပါတယ်။
ခြုံငုံပြီးပြောရမယ်ဆိုရင် ကျွန်မတို့အခု အရေးပေါ်အခြေအနေ ကြေညာထားတဲ့အချိန်အတွင်းမှာ အုပ်ချုပ်ရေးမဏ္ဍိုင်က ဘယ့်လောက်တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှုကို ကျင့်သုံးခဲ့သလဲ ဒီလို ကျင့်သုံးတဲ့နေရာမှာ ပြ ည်သူလူထုတွေ လက်ခံနိုင်အောင် လို့ ကျင့်သုံးခဲ့သလားဆိုတာကို ကျွန်မတို့ စဉ်းစားရပါမယ်။ နောက်ပြီးတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ရပ်ရွာအေးချမ်းသာယာရေးအတွက် ခိုင်ခိုင်မာမာနဲ့ စွမ်းဆောင်ဖို့လိုပါတယ်။ဒီလိုခိုင်ခိုင်မာမာနဲ့ စွမ်းဆောင်သွားမယ်ဆိုလို့ရှိရင် အရေးပေါ် အခြေအနေကို ဆက်လက်ပြီးတော့ကြေညာဖို့မလိုဘူးလို့ ကျွန်မထင်ပါတယ်။
နောက်ပြီးတော့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အရေးပေါ်အခြေအနေနဲ့ပတ်သက်လို့ ပြဌာန်းချက် များကို တကယ်ပဲ ဒီမိုကရေစီနိုင်ငံတစ် ခုအတွက် သင့်တော်တဲ့ပြဌာန်းချက်များ ဟုတ်မဟုတ်ကို အမြန်ဆုံးလေ့လာပြီးတော့ ပြုပြင်ပြောင်းလဲသင့်သည်များ ကို အမြန်ဆုံးပြုပြင်ပြောင်းလဲသ င့်ပါကြောင်း
နာယကကြီးမှတဆင့် လေးစားစွာတင်ပြအပ်ပါတယ်။
ကျွန်မအခုဥပဒေကဲ့သို့တည်သော
ဥပဒေကဲ့သို့အာဏာတည်သောအမိန်
တစ်ကမ္ဘာလုံးကိုအတွင်တွင် ကြေငြာနေတဲ့အချိန်ဖြစ်တာကြေ
နဲ့ မကိုက်ညီတဲ့ကိစ္စမှန်သမျှ
အခု၁/
ကျွန်မတို့စဉ်းစားရပါမယ် သို့အပြင်အရေးပေါ်အခြေအနေ ပြဌာန်းပိုင်ခွင့် သတ်မှတ်ထားတာ သတ်မှတ်ပုံတွေက လိုအပ်သလားမလ
မိတ္ထီလာမှာဖြစ်ခဲ့တဲ့ကိစ္စေ
ကျွန်မတို့အခုဒီလိုလုပ်ခဲ့ရ
အမြန်ဆုံးပြန်ရောက်သွားဖို့
ဒီတော့မူလအခြေအနေကို အမြန်ဆု
ဒီလို ဥပဒေကဲ့သို့အာဏာတည်သော
အင်မတန်မှ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ
ပြည်သူ့အိုးအိမ်စည်းစိမ်ကို
အရေးပေါ်အခြေအနေကိုထုတ်ပြန်သ
သုံးသပ်လိုက်ရင် ဒီလိုဥပဒေကဲ့သို့အာဏာတည်သော
တကယ်တော့အရေးပေါ်အခြေအနေကိုဆ
ကျွန်မတို့ဖွဲ့စည်းပုံအခြေခ
ခြုံငုံပြီးပြောရမယ်ဆိုရင် က
နောက်ပြီးတော့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အရေးပေါ်အခြေအနေနဲ့ပတ်သက်လို
နာယကကြီးမှတဆင့် လေးစားစွာတင
