Thursday, April 18, 2013

ပါတီခေါင်းဆောင်ဟာ နိုင်ငံသမ္မတ မဖြစ်ချင်သူရှိပါသလား၊မဖြစ်ချင်ဘူးဆိုသူဟာ ဟန်ဆောင်သူသာ ဖြစ်တယ်



၁၇ ရက်နေ့ ကပြုလုပ်တဲ့ ဂျပန်သတင်းထောက်များ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်း
စုကြည်မှ သမ္မတဖြစ်ချင်သော သဘောထားသည် တိုင်းပြည်နှင့်မှုဝါဒတွေအတွက်ဟု ပြောကြား ခဲ့သည်။စစ်အစိုးရလက်ထက် ဖိနှိမ့်မှုများ မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့ပြီး စစ်တပ်၏ ဆောင်ရွက်မူတွေ      ဟာ လုံးဝမမြင်တွေ့ နိုင်ပါ။မေးခွန်းမေးသူ၏ မျက်လုံးကို သေသေချာချာ ကြည့်ပြီးဘာမှမှတ်သား   ခြင်းမပြုဘဲ တချက်ခြင်း တချက်ခြင်း   ပြန်လည်ဖြေဆိုခဲ့သည်ကို တွေ့ မြင်ရသည်။

၁၉၈၉ ခုနှစ်မှ စ၍ ၁၄ နှစ်ကျော် ဖမ်းဆီးခံရခြင်း၊နေအိမ်အကျယ်ချုပ်ချခံရခြင်းများရှိခဲ့သောလည်း မိမိအနေဖြင့် အနစ်နာခံ ဆုံးရှုံးခံခဲ့သူအဖြစ်မထင်ခဲ့ပါ မိမိ၏ ဆန္ဒဖြင့်ဆောင်ရွက်ခဲ့သောကြောင့်ဖြစ်     သည်ဟု တိုကျိုတက္ကသိုလ် ဟောပြောပွဲတွင် ပြုံး၍ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ၃ လပိုင်းတွင် စစ်အစိုးရမှ ပြည်သူ့ အစိုးရအဖြစ် ပြောင်းလဲခဲ့ကာ ၂၀၁၀ ခုနှစ် ၁၁ လ ပိုင်းတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ၄ လပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲ
တွင် ၀င်ရောက်ခဲ့ကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး မြန်မာပြည်တွင် အကြီး
ဆုံးသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတိုက်အခံပါတီကြီး၏ ဥက္ကဌ အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

ဂျပန်နိုင်ငံသို့  ၂၇ နှစ်ကြာမှ ရောက်ရှိလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား Kyoto တက္ကသိုလ်မှ
ကြိုဆိုခဲ့ကြပြီး ဒီမိုကရေစီအရေတွင် ကူညီပေးခဲ့သော ဂျပန်နိုင်ငံ၏ ဆောင်ရွက်မှုများကို ကျေးဇူးတင်
ရှိကြောင်းနှင့် ဂျပန်နိုင်ငံ၏ ခင်မင်ရင်းနှီးမှုများကို မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

သို့ သော်လည်း ဂျပန်နိုင်ငံ၏ လူငယ်များအား များသောနိုင်ငံတို့ တွင် ရွေးကောက်ပွဲအတွက် နှစ်ပေါင်း
များစွာ တိုက်ပွဲဝင်နေရပြီး ဂျပန်လူငယ်များအနေဖြင့် မဲထည့်ရေးတွင် မိမိနှင့်မပါတ်သက်ဘူးလို့  မထင်ကြပါနှင့်ဟု ပြောဆိုခဲ့သည်။
ဒီမိုကရေစီအောင်မြင်ရေးအတွက် ဖော်ဆောင်မှုတွေဟာ ခက်ခဲသည်ကိုသိရှိပါသည်ဟု ပြောဆိုခဲ့သည်။