၂၀၁၃-၄-၁၈
ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ၂ဝ၁၃ခုနှစ် ကမ္ဘာ့သြဇာရှိဆုံးသူအဖြစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးသူတွေရဲ့ မဲတွေနဲ့ အနိုင်ရရှိသွားပြီ ဖြစ်တဲ့အကြောင်း မဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်ပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မဲပေးသူပေါင်းရဲ့ ၆၁%ရရှိခဲ့တာဖြစ်ပြီး The Most Influential People
of the Pas 10 Years မှာ WINNER အဖြစ်နဲ့ သတ်မှတ်ခံ လိုက်ရပြီ ဖြစ်ပါတယ်။
အင်တာနက်စာမျက်နှာပေါ်က တစ်ဆင့် အကြိမ်အရေ အတွက် ကန့်သတ်မထားဘဲ မဲပေးခွင့်ကို TIME မဂ္ဂဇင်းက ခွင့်ပြုခဲ့တာဖြစ်ပြီး Twitter စာမျက်နှာမှာFollower၃၅သန်းကျော်ရှိတဲ့ ပေါ့ပ်အဆိုတော်
လေဒီဂါဂါက ၃၉%ပဲ ရရှိခဲ့ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံတကာရောက် မြန်မာတွေက ဧပြီ ၁၆ရက်နဲ့ ၁၇ရက် နှစ်စလုံး မဲတွေပေးခဲ့ကြတာဖြစ်ပါတယ်။
