၂၀၁၃-၄-၁၈ နေ့ ညနေပိုင်းက အင်အားကြီးအတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုး အာဘေး တို့ ၀န်ကြီးချုပ်ရုံးမှာ တွေ့ဆုံခဲ့ပါ
တယ်။ဂျပန်ဝန်ကြီးချုပ်မှ အစိုးရမှဖွင့်ဖြိုးတိုးတက်ရေးအကူအညီ( ODA) ဟာ ပြည်သူ့ ရင်းနှီးမြုတ်နှံမှု တွေမှာ ဒီမိုကရေစီဖွင့်ဖြိုးရေးအတွက် အကူအညီပေးသွားမည်ဟု စဉ်စားထားကြောင်း ပြောဆိုခဲ့ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုတွေကြောင့် ဒီမိုကရေစီပြောင်းလဲမှုတွေဟာ တိုးတက်ခဲ့ပါတယ်ဟု ပြောဆိုခဲ့သည်။ မြန်မာ့ဒီမိုကရေးစီပြုပြင်ပြောင်းလဲမှုဟာ လမ်းတ၀က်တွင်ရောက်ရှိနေပြီး မြန်မာ ပြည်သူတွေ မိမိတို့ လိုချင်တဲ့ နိုင်ငံတော်ထူထောင်နိုင်ရန် ကူညီပံ့ပိုးသွားမည်ဟု ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှလည်း မိမိလွှတ်တော်အမတ်တဦးအနေဖြင့် လွှတ်တော်အတွင်းမှ ကြိုးစား သွားမည်ဟု ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံရဲ့  ပညာရေးစနစ်ဟာ နိမ့်ကျနေပြီး အာရှတွင်လည်း နိမ့်ဆင်း လာနေပါတယ်။အလုပ်အကိုင် လယ်ယာစိုက်ပျိုးရေးပညာ စသည်တို့ ကို ကူညီပေးရန်တောင်းဆိုခဲ့ပြီး ၀န်ကြီးချုပ်မှ ကူညီပေးမည်ဟု ကတိပေးခဲ့ပါတယ်။
ထိုအပြင် ဒေါ်အောင်ဆန်းစုကြည်သည် တာနီး ငခီ တရားရေးဝန်ကြီးနှင့် တွေ့ ဆုံကာ ဥပဒေစိုးမိုးရေး အကောင်အထည်ဖော်ရန်အတွက် လူသားနှင့်ဆိုင်သော အရည်အချင်းမြှင်တင်ရန် သင်ကြားပေးခြင်း တို့ ကို ပါဝင်ကူညီပေးရန် တောင်းဆိုခဲ့ပြီး တရားရေးဝန်ကြီးမှ လက်ခံခဲ့ပါသည်။