၂၀၁၃-၃-၉
NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ် ၈ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှ ဗဟိုကော်မတီဝင်ဦးရေ ၁၀၀ ရွေးချယ်
ခဲ့ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်နိုင်ငံလုံးဆိုင်ရာ ညီလာခံအဖြစ် သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့တွင် ညီလာခံ ကိုယ်စားလှယ် ၈၆၂ ဦး တက်ရောက်ခဲ့ကာ ၁၀ ဦးလျှင် ဗဟိုကော်မတီဝင် တစ်ဦးနှုန်းရွေးချယ်ခဲ့ပြီး စုစုပေါင်း ဗဟိုကော်မတီဝင် ၁၂၀ ဦး ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

