Friday, March 29, 2013

Michael Learns to Rock အဖွဲ့၏ ဂီတဖျော်ဖြေပွဲကို မတ်လ ၃၁ ရက်နေ့တွင်ကျင်းပမည်

(မတ်လ ၂၉ ရက်နေ့) ၇ နာရီခန့်က ရန်ကုန်မြို့သို့ Michael Learns to Rock အဖွဲ့သည် ကာတာလေကြောင်းလိုင်းဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။Michael Learns to Rock ဂီတအဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖျော်ဖြေမည့် အဖွဲ့ ဖြစ်ပြီး MLTR အဖွဲ့တွင် 
အဖွဲ့၏ အဓိကဦးဆောင်သီဆိုသူ အဆိုတော် Jascha Richter နှင့်အတူ ၄င်း၏ ဇနီး၊ သားနှင့်     သမီးတို့ပါ မိသားစုလိုက် မြန်မာနိုင်ငံ၏ ဖျော်ဖြေရေးခရီးစဉ်ကို လိုက်ပါလာသည်ကို တွေ့ရသည်။ မိုက်ကယ်လန်းအဖွဲ့သုံးဦးနှင့်အတူ စက်အဖွဲ့သားများအပါအ၀င် အဖွဲ့သား ၁၄ ဦး လိုက်ပါလာပြီး     ယနေ့ နံနက် ၈ နာရီတွင် ၄င်းတို့ ခေတ္တတည်းခိုမည့် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်သို့ ထွက်ခွာ သွားကြောင်း သတင်းရရှိသည်။ မိုက်ကယ်လန်းအဖွဲ့၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်         တွင် မတ်လ ၃၁ ရက် ညနေ၌ ကျင်းပမည်ဖြစ်ပြီး ယနေ့ ညနေ ၄ နာရီခွဲတွင် ဆီဒိုးနားဟိုတယ်၌    ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း Friendship Entertainment က       ပြောသည်။