၂၀၁၃-၃-၂၉
Bangkok regional correspondent of Financial Times London မှ Lionel
Barber (Editor) နှင့်
Gwen Robinsm သည် (၂၉.၃.၂၀၁၃) ရက်နေ့တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းနှင့် ဦးဟံသာမြင့်
တို့အား ပါတီနှင့်ပတ်သတ်သော အကြောင်းရာများ
နှင့် တိုင်းရင်းသားများ၏ ကိစ္စရပ်များအကြောင်းကို လာရောက်တွေ့ဆုံမေးမြန်းခဲ့ကြပါသည်။
ပါတီ၏မူဝါဒနှင့်ပတ်သတ်ပြီးတော့အဖွဲ့ချုပ်အနေနှင့်ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ပြောထား သည့်အတိုင်း
တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ရေးတို့ကို
အခြေခံပြီး ဆောင်ရွက်နေကြောင်း နှင့် အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ် အနေနှင့် နောက်လာမည့်မျိုးဆက်တို့အတွက်
လူ့အခွင့်ရေးများ မဆုံးရှုံးစေရန် အတွက်
ခိုင်မာသော ဒီမိုကရေစီလမ်းကို တည်ဆောက်သွားမှာဖြစ်ကြောင်း ဦးဥာဏ်ဝင်းမှပြောကြား ခဲ့သည်။
“အခုလက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကိုလည်း
အဖွဲ့ချုပ်အနေဖြင့် လျစ်လျူရှုထားမှာမဟုတ်ဘဲ
နိုင်ငံရေးအရ ပြေလည်အောင် ဖြေရှင်းပေးမှာဖြစ်ပြီး
၊ အခုလက်ရှိအချိန်မှာတော့ ပါတီရဲ့ နေ့စဉ် သတင်းစာထုတ်လုပ်ဖို့ ဆောင်ရွက်နေကြာင်းနှင့်ပြည်သူလူထုကရွေးချယ်ပေးခဲ့လို့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ပါတီတစ်ရပ်အနေဖြင့်
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်လည်း
ပြည်သူလူထုကရွေးချယ်ပေးနိုင်တဲ့ ပါတီတစ်ရပ်ဖြစ်အောင်
ကြိုးစားနေသည်ဟု” ဦးဟံသာမြင့် မှပြောကြားခဲ့သည်။