Friday, March 29, 2013

သင့်ကြောင့် ဘာသာရေး၊ လူမျိုးရေး ရန်ပွဲများ မဖြစ်ပွားပါစေနဲ့ 

 ၂၀၁၃-၃-၂၉
“ သင့်ကြောင့် -
ပြည်သူအများလိုလားတောင့်တနေသည့် ပြန်လည်ဖြစ်ထွန်းစ မြန်မာ့ဒီမိုကရေစီနိုင်ငံခရီးလမ်းကို   နောက်ပြန်လန်သွားစေနိုင်သည့် - ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုနှင့် ပဋိပက္ခများ၊ ရန်လိုမှုများ မဖြစ်ပွားပါစေနှင့်။

ဖြစ်ပွားလာသည့် မတရားမှုများ၊ ပဋိပက္ခများ၊ ရန်လိုမှုများကို တရားဥပဒေနှင့်လျော်ညီစွာဖြေရှင်းခြင်း သည်သာ ဘေးထွက်ဆိုးကျိုးအနည်းဆုံးသော၊ သင့်မြတ်ပြေလည်ရန် အဖြစ်နိုင်ဆုံးသောဖြေရှင်းမှုဟု ကျွန်ုပ်တို့ မမှိတ်မသုန်ယုံကြည်သည်။ ”

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် ) ”