၂၀၁၃-၃-၂၃
မြန်မာနိုင်ငံတွင် ခေတ္တရောက်ရှိနေကြသော ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ
ကျောင်းသူကျောင်းသား ၃၅ ဦးသည်၊ ၂၃၊ ၃၊၂ဝ၁၃နေ့နံနက် ၁၁းဝဝ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလလမ်းရှိ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှ င့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ လာရောက်ခဲ့ပါသည်။ ရောက်ရှိလာကြသော ချူလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ
ကျောင်းသားများကို ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်နှင့်အဖွဲ့က နွေးထွေးပျူငှာစွာ ကြိုဆိုခဲ့ကြပြီး၊ ၈၈မျိုးဆက်အဖွဲ့ဝင်များနှင့် 
တစ်ဦးချင်း အပြန်အလှန် မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် ဧည့်သည်
ချူလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများက သိလိုသည်များကို
မေးမြန်းကြရာ ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်နှင့် ကိုစိုးထွန်းတို့က
ပြန်လည်ဖြေကြားခဲ့ပါသည်။ ထိုသို့ရင်းနှီးစွာတွေ့ဆုံပွဲအပြီးတွင် ဧည့်သည် ချူလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူကျောင်း
သားများကို ၈၈မျိုးဆက်ကျောင်းသားများက နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ခေတ္တရောက်ရှိနေကြသော ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ
ကျောင်းသူကျောင်းသား ၃၅ ဦးသည်၊ ၂၃၊ ၃၊၂ဝ၁၃နေ့နံနက် ၁၁းဝဝ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလလမ်းရှိ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှ
ကျောင်းသားများကို
သားများကို

