skip to main |
skip to sidebar

၂၀၁၃-၃-၂၄ ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ
အထူးကိုယ်စားလှယ် ဦးယောဟဲအိ ဆာဆာကာဝါနှင့်အဖွဲ့သည် ၂၄၊ ၃၊၂ဝ၁၃နေ့၊နေ့လည်
၁၂းဝဝ နာရီက ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် ရုံးခန်းသို့ ရောက်ရှိလာပြီး
၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်နှင့်တွေ့ဆုံဆွေးနွေး ခဲ့သည်။
ထိုသို့တွေဆုံရာတွင် အထူးကိုယ်စားလှယ်အဖွဲ့က ဂျပန်အစိုးရအနေဖြင့်
မြန်မာနိုင်ငံအတွက် ၃ နှစ်စီမံကိန်းရေးစွဲပြီး အကူအညီပေးလိုကြောင်း၊
နိုင်ငံရေးကို ဝင်ရောက်စွပ်ဖက်ခြင်းမပြုဘဲ လူသားချင်းချင်းစာနာမှု အကူအညီသာ
ပေးအပ်မှဖြစ်ကြောင်း၊ အဆိုပါ အကူအညီပေးမှုတွင်
၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက
ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ပြောဆိုပါ သည်။ မင်းကိုနိုင်က
ပြန်လည်ပြောဆိုရာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီကို လက်ခံပါကြောင်း၊
ထို့အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ မိမိတို့တတ်စွမ်းသမျှလည်း
ဝိုင်းဝန်းကူညီးပေးသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ
အထူးကိုယ်စားလှယ် ဦးယောဟဲအိ ဆာဆာကာဝါနှင့် အဖွဲ့သည် အကူညီပေးမှုဆိုင်ရာ
ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး နေ့လည် ၁း၃ဝ နာရီတွင်
၈၈မျိုးဆက်ရုံးမှ ပြန်လည်ထွက်ခွာသွားကြသည်။