၂၀၁၃-၃-၁၉
၈၈ မျိုးဆက် ခေါင်းဆောင် ကိုဌေးကြွယ် အမေရိကန်ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန်မှာ ရောက်နေတဲ့ မြန်မာတွေနဲ့ မျက်မှောက်နိုင်ငံရေးကို ဆွေးနွေးခဲ့ကြပြီး ပြည်ပရောက် ၈၈ မျိုးဆက်များ မြန်မာနိုင်ငံ ပြန်လာပြီး ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကို မျက်မှောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲထဲ ပါဝင်ဖို့နဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ နိုင်ငံရေးပါတီ ထူထောင်မည်ဟု ၈၈ မျိုးဆက်ခေါင်းဆောင်
ကိုဌေးကြွယ်မှ ပြောကြားလိုက်သည်။
မြန်မာ့နိုင်ငံ၏ ဒီမိုကရေစီရေးတွေမှာ ကူညီပေးနေတဲ့ အမေရိကန်နိုင်ငံရဲ့ မူဝါဒရေးရာ အကြံပေးတွေ နဲ့ တွေ့ဖို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ ကိုဌေးကြွယ်က ပြောလိုက်တာလည်း ဖြစ်ပါ
တယ်။၈၈ မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ်က အမေရိကန်ရှိ မြန်မာများနှင့်တွေ့ ဆုံ၍ လက်ရှိဖြစ် ပေါ်နေသော လက်ပံတောင်းတောင်အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။