Saturday, January 19, 2013

ထာဝရငြိမ်းရေးဆိုရင် ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးပွဲဖြစ်အောင် TVမှတိုက်ရိုတ်ထုတ်လွင့်ပြီး ပြည်သူတွေကို ချပြရမည်

  "အလျဉ်းသင့်လို့ KIOအဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စကို ပြောပြလိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကျနော်အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ KIO မှ လွဲပြီး ကျန်အဖွဲ့ ၁၀ ဖွဲ့ နဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး                    ထိုးပြီး Political Dialogue ကိစ္စရပ်များကို ယခု ၂၀၁၃ ခုနှစ် ဦးပိုင်းမှာ စပြီးဆောင်ရွက်ဖို့ ပြင်ဆင်ပြီးဖြစ်ပါတယ်။

KIOကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်း ထားပြီး ယခုလည်း ဒီနေရာကနေ ထပ်မံဖိတ်ခေါ်လိုက်ပါ    တယ်။ မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်းလာနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ယခုအခါ တပ်မတော်က အကန့်အသတ်နဲ့ ဆောင်ရွက်နေတဲ့ စစ်ရေးဆောင်ရွက်မှုများရပ်ဆိုင်းဖို့ ကျနော်အနေနဲ့ အမိန့်ပေးထားပြီးဖြစ်ပါတယ်။ တဖက်ကလည်း အလားတူ ရပ်ဆိုင်းပေးထားဖို့လိုအပ်ပါတယ်။ "

သမ္မတ ဦးသိန်းစိန်
၁၉ ဇန်န၀ါရီ ၂၀၁၃
ပထမအကြိမ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖိုရမ် အစည်းအဝေးဖွင့်ပွဲ နေပြည်တော် MICC ခန်းမ