skip to main |
skip to sidebar
၂၀၁၃-၁-၁၉
၈၈မျိုးဆက်ကျောင်းသားများနှင့်
မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသော ဝါရှင်တန်အခြေစိုက် Human Rights
Watch အဖွဲ့တို့သည် ၁၉၊၁၊၂ဝ၁၃ နေ့၊နံနက် ၈း၃ဝ တွင် ရန်ကုန်မြို့၊Traders
Hotel ၌ တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင်
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုကိုကြီး၊ကိုပြုံးချို၊ကိုအံ့ဘွယ်ကျော်၊ကိုမာကီနှင့်ကိုဗသက်အောင်တို့
တက်ရောက်ခဲ့ကြပြီး၊HRW အဖွဲ့မှ Associate Director Stephen Steim
ဦးဆောင်သော အဖွဲ့ဝင်(၉)ဦး တက်ရောက်ခဲ့ကြသည်။ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိလူ့အခွင့်ရေး အခြေအနေများကို လွတ်လပ်ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။