Tuesday, January 15, 2013

တရားဥပဒေစိုးမိုးရေးကိုစိန်ခေါ်နေမှုများ သတင်းစာရှင်းပွဲဖျက်ခဲ့သူကို အမှုဖွင့်ထား

















ရန်ကုန်၊ ဇန်န၀ါရီ ၁၅                                                                                                         ရန်ကုန်မြို့လယ်တွင် ၀င်ရောက် ရိုက်နှက်ကာ အကြမ်းဖက်မှု ပြုလုပ်ခြင်းသည် တရားဥပဒေစိုးမိုးရေး   အား စိန်ခေါ်ချက် တစ်ရပ်ပင် ဖြစ်သည်ဟု ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော်က   ပြောသည်။ပြီးခဲ့သော(ဇန်န၀ါရီ၁၃) တနင်္ဂနွေနေ့က တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင်     တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်သူများ ခေါင်းစဉ်ဖြင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအား ကျိုက်ထီးရိုးဘုရားရင်ပြင်ရှိ တည်းခိုခန်းပိုင်ရှင် ဦးသိန်းနိုင်က ၀င်ရောက်ရိုက်နှက် ပွဲဖျက်ခဲ့မှုအပေါ်   မြန်မာဂျာနယ်လစ် ကွန်ရက်ခန်းမတွင် ယနေ့ ညနေပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ၄င်းက ပြောသည်။`ဗဟန်းရဲစခန်းမှာ ဖြစ်ဖြစ်ချင်း အမှုဖွင့်ခဲ့ပေမယ့် ခုချိန်ထိ အရေးယူတာ အကြောင်း တစ်စုံတစ်ရာပြန်တာ မရှိသေးပါဘူး´ဟု ၄င်းက ပြောသည်။ ဒကာသိန်းနိုင်အနေဖြင့် ယဉ်ယဉ်ကျေးကျေး ဘုရားအဆုံးအမအတိုင်း စီးပွားရှာရန် ခရိုနီမလုပ်ရန် ရဟန်းပျိုများ သမဂ္ဂမှ အရှင်ဦးအဂ္ဂသီရိ (မဟာအောင်မြေကျောင်းတိုက်)က မိန့်ကြားသည်။  
ပြည့်ဖြိုး  PMNJ