Tuesday, January 15, 2013
မကြာမီ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်တော့မည်
၂၀၁၃-၁-၁၅
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပြန်လည် ရပ်တည်လှုပ်ရှားရေးအတွက် ပြည်တွင်း ပြည်ပ လူ့ဘောင်သစ် အဖွဲ့တွေ
အချက် ၈ ချက်အပေါ်မှာ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြည်ပအခြေစိုက် လူ့ဘောသစ် ဒီမိုကရက်တစ် ပါတီ
အတွင်းရေးမှူး ဦးငွေလင်းက ဒီကနေ့ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ Home Enternatement မှာ
လူ့ဘောသစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြည်တွင်းလေ့လာရေး ခရီးစဉ်နဲ့ပတ်သက်လို့ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ အဲဒီလိုပဲ နောက် ၆ လလောက်အကြာမှာ လူ့ဘောင်သစ်ပါတီကို
တရားဝင် မှတ်ပုံတင်နိုင်ဖို့ ခန့်မှန်းထား တယ်လို့ လည်း ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းကို လေ့လာရေးခရီးအဖြစ်
ရောက်ရှိနေတဲ့ ဗမာတစ်ပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) အဖွဲ့ ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ တို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပြီး လုပ်ငန်းစဉ် ၄ ခု ကိုချမှတ်နိုင်ခဲ့တယ်လို့သိရပါတယ်။
Posted by
mya thein