skip to main |
skip to sidebar
ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံကို ယနေ့(၆- ၁-၂၀၁၃)ရက်နေ့ နံနက်(၀၈:၃၀) နာရီက ချိန်မှစတင်၍ ရန်ကြီးအောင်ရပ်ကွက် ဘုရင့်နောင်လမ်းရှိ ဦးမြသန်း၏နေအိမ်တွင် ကျင်းပရာ သဘာပတိအဖွဲ့ရွေးချယ်ခြင်း။ဗဟို/ခရိုင်/မြို့နယ်
အလုပ်အမှုဆောင်အဖွဲ့များကို မဲစနစ်ဖြင့် ဒီမိုကရေစီနည်းကျ အောင်မြင်စွာ
ရွေးချယ်နိုင်ခဲ့ပါသည်။ မြို့နယ်ညီလာခံအခန်းအနား အောင်မြင်စွာ
ကျင်းပပြီးစီးနိုင်ရေးအတွက် အဖက်ဖက်မှ ငွေအား/လူအားဖြင့်တတပ်တအားပါဝင်ကူညီပေးခဲ့ကြသည့်
မြို့သူမြို့သားများအား၎င်း။ အခန်းအနားအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် တက်ရောက်ကူညီ
ရွေးချယ်ပေးကြသော ရပ်ဝေး/ရပ်နီး
အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များအား၎င်း၊ အခန်းအနား
ကို
စတင်သည်မှ ပြီးမြောက်သည်အထိ ၀ိုင်းဝန်းကူညီ၍ အောက်ခြေသိမ်းလုပ်အားပေးခဲ့ကြသော အဖွဲ့ချုပ်လူငယ်များနှင့် ပါတီမိတ်ဆွေအပေါင်းတို့အား ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့မှ လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း
ဖေါ်ပြအပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေးမြို့