Thursday, January 17, 2013

ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်နေသော အထောက်အကူပြုအဖွဲ့များနှင့် ၈၈မျိုးဆက်ကျောင်းသားများတွေ့ဆုံ

 ၂၀၁၃-၁-၁၇
ဖိလစ်ပိုင်နိုင်ငံ၊ ကိုတာဘာတို (Cotabato) မြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများ
သည် ယနေ့ (ဇန်န၀ါရီလ၊ ၁၆ ရက်) မွန်းလွဲ ၁၂း ၃၀ နာရီတွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဖိလစ်ပိုင်နိုင်ငံငြိမ်းချမ်း ရေးဖော်ဆောင်နေသော အထောက်အကူပြုအဖွဲ့များနှင့် ဆက်လက်တွေ့ဆုံခဲ့ကြရာ မွန်းလွဲ ၁၂း ၃၀
 မှ ၁း ၄၅ နာရီ အထိ The Bangsamoro Leadership and Management Institute (BLMI) အဖွဲ့
မှ အထွေထွေမန်နေဂျာနှင့် လည်းကောင်း၊ မွန်းလွဲ ၂း ၀၀ မှ ၄း ၀၀ နာရီအထိ International 
Monitoring Team (IMT) အဖွဲ့နှင့်လည်းကောင်း၊ မွန်းလွဲ ၃း ၀၀ မှ ၄း ၂၀ နာရီ အထိ Mindanao Human Rights Action Center (MinHRAC) အဖွဲ့နှင့် လည်းကောင်း၊ ညနေ ၄း ၅၀ မှ ၆း၀၀ နာရီ
အထိ Bangsamoro Development Agency (BDA) အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံခဲ့ကြသည်။