Saturday, July 21, 2012

ရှေးဟောင်း အံဖွယ် ဂုတ်ထိပ်တံတား

1900 ခုနှစ်ကနေ..ယနေ့ထိ နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းရဲ့ အလှဂုဏ်ဆောင် နာမည်ကျော် ဂုတ်ထိပ်တံတားကြီးပေါ်မှာ ညင်သာစွာခုတ်မောင်းနေတဲ့ ရထားကြီး။ (ကျောက်မဲမှမန္တလေးသို့)

ရိုက်တာ သတင်းဌာန မှ ရန်ကုန် British Club တွင် ပထမဆုံး သင်တန်းပေး


ရန်ကုန်တိုင်းဒေသသကြီး၊ ဒဂုံမြို့နယ်ရှိ British Club တွင် THOMSON REUTERS FOUNDATION မှ News Reporting and Writing Course ကို July 15-19, 2012 အတွင်း နေ့စဉ် နံနက် ၉း၃၀ မှ ညနေ ၅း၀၀ ထိ ရိုက်တာသတင်းဌာန  Editorial Learnin
Manager – Asia Darren Schuettler and Programme Instructors Ros တို့ ကိုယ်တိုင်က
 ပြည်တွင်းဂျာနယ်ထဲက ဂျာနယ်တိုက် (၁၈)တိုက်မှ သတင်းထောက်များနှင့် ပြည်တွင်း 
ဘလော့ခ်ဂါများကို သတင်းထောက် တစ်ဦးရဲ့ သတင်းဗျူဟာများ၊ မီဒီယာကျင့်ဝတ်များ၊ 
သတင်းရေးသားနည်းနှင့်သတင်းပို့နည်းများ ၊ အင်တာဗျူးပုံ၊ သတင်းဓါတ်ပုံ အခြေခံသဘော
တရားများ၊ သတင်းယူရာတွင်အရေးကြီးသော အချက်များ၊ Blog (ဘလော့ခ်)၊ အင်တာနက်၊ 
ဂျာနယ်လစ်ဇင်များကို အရည်အသွေးမြင့်မားလာစေ ရန်နှင့် မျိုးဆက်သစ်လူငယ်သတင်းထောက်
များ ပိုမိုပေါ်ထွက်လာစေရန်ရည်ရွယ်၍ (အခမဲ့) သင်ကြား ပေးသွားခဲ့ပါသည်။
အဆိုပါသင်တန်းကို ၁၉-၇-၂၀၁၂ နေ့ ညနေ ၄း၃၀ တွင် သင်တန်းပြီးဆုံးအောင် တတ်ခဲ့ကြ
 သော\သင်တန်းသားသတင်းထောက် ၁၉ ယောက်ကို Certiticate ပေးပွဲပြုလုပ်ပေးခဲ့ပါ
သည်။
ထို့နောက် ၆း၃၀ အချိန် Sakur Hotel တွင် ညစာစားပွဲကို ပြည်သူ့ခေတ်မှ အယ်ဒီတာများဖြစ်
သောဆရာဦးဖေမြင့်၊ဆရာမောင်ဝံသတို့နှင့်အတူ ရိုက်တာသတင်းဌာနမှ သင်ကြားရေးဆရာ
များ၊သင်တန်း သားများတို့ ရင်းနှီးပွင့်လင်းစွာ ပြောကြဆိုကြရင်း သင်တန်း၏နောက်ဆုံးနေ့
အဖြစ် ညစာစားပွဲကို ၇း၃၀ မှာ အောင်မြင်စွာ အးဆုံးသတ်နိုင်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။

Thursday, July 19, 2012

၆၅ နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ် အခမ်းအနား

၂၀၁၂-၇-၁၉
၆၅ နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာအခွန်ရုံး
ရှေ့ တွင် ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံရောက် နိုင်ငံရေးလှုပ်ရှားသည့် အဖွဲ့ အစည်းအသီးသီးမှ
ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အမေရိကန်သံအမတ်(ဒဲရစ်မစ်ချဲလ်) အာဇာနည်နေ့အခမ်းအနားသို့တက်ရောက် ဂါဝရပြု

 ၂၀၁၂-၇-၁၉
 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ် သည် ဇူလိုင်(၁၁)ရက်နေ့တွင်ခန့် အပ်
ခဲ့ပြီး ၆၅ နှစ်မြောက် အာဇာနည်နေ့  အခမ်းအနားသို့ နှစ်ပေါင်း(၂၀)ကျော်အတွင်းတက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးချုပ်တွင် ၆၅ နှစ်မြောက် အာဇာနည်နေ့ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးချုပ်တွင် ၆၅ နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ်အခမ်းအနား
ကျင်းပခဲ့ရာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ မိန့် ခွန်းပြောကြားခဲ့ပြီး ရုံးချုပ်တွင် အာဇာနည်ခေါင်းဆောင်
ကြီးများအားအလေးပြု၍ ဂုဏ်ပြုခဲ့ကြသည်။

နေပြည်တော် ပုဗ္ဗသီရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် ၆၅နှစ် မြောက်အာဇာနည်နေ့ ကျင်းပ

၂၀၁၂-၇-၁၉
နေပြည်တော် ဦးဇေယျာသော်၏ မဲဆန္ဒနယ် ပုဗ္ဗသီရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် ၆၅နှစ်
မြောက်အာဇာနည်နေ့  အခမ်းအနားကျင်းပခဲ့ရာ မြို့ နေပြည်သူအများအပြားမှ တက်ရောက်လာကြ
သည်ဟုသိရှိရသည်။၁၀နာရီ ၃၇မိနစ်မှာ ဥသြဆွဲဖို့ ပြင်ဆင်ထားကြပါတယ်။ ၁၀နာရီခွဲမှာ မီးပျက်သွား
သွားခဲ့သည်။ (တိုက်ဆိုင်လိုက်ပုံများ)

အာဇာနည်နေ့ အခမ်းအနား မြို့ အသီးသီးတွင်ကျင်းပ

အာဇာနည်ပုဂ္ဂိုလ်များကိုရည်စူး၍မန္တလေးတိုင်းNLDလူငယ်များ စုပေါင်း၍ ပရိယတ္တိသာသနဟိတအသင်း တိုက်ရှေ့တွင် ဘုံဆွမ်းလောင်းနေကြပုံ
အာဇာနည်ခေါင်းဆောင်များအား အလေးပြုနေစဉ် (ပေါင်းတည်မြို့)
၆၅နှစ်မြောက် အာဇာနည်နေ့ မြင်ကွင်း (လပ္ဗတ္တာ) 
     
မိုးထဲရေထဲ မြိတ်မြို့က ၆၅နှစ်မြောက် အာဇာနည်နေ့မြင်ကွင်း

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

၂၀၁၂ခုနှစ် ၇လ ၁၉ ရက်နေ့ တွင်ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်၍ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ    မသမာသူလူတစု၏ လက်ချက်ဖြင့် ကျဆုံးခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးပြီး လွမ်းသူပန်းခွေချ ခဲ့ပါတယ်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကောင်းရာ         သုကတိ သို့ ရောက်ရှိကြပါစေဟု သာဓုခေါ်၍ မေတ္တာပေးပို့ အပ်ပါသည်။

Wednesday, July 18, 2012

အာဇာနည်နေ့ 


ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel၏ နှင်းဆီလက်ဆောင်



ချက်နိုင်ငံခြားရေး ၀န်ကြီး Karel Schwazenberg ဟာ မနေ့ညက ကျင်းပတဲ့ ညစာစားပွဲမှာ မြန်မာ့အရေးကို အစဉ်အမြဲအားပေးထောက်ခံခဲ့သူ ချက်သမ္မတဟောင်း Vaclav Havel ကိုယ်စား မြန်မာ့ ဒီမိုကရေစီ    ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖန်သားထဲမှာ ထည့်ထားတဲ့ အ၀ါရောင် နှင်းဆီပန်းခြောက် တစ်ပွင့် ပေးအပ်လိုက်ပါတယ်။
၂၀၀၅ ခုနှစ်က ပေးပို့တဲ့ မွေးနေ့ ဆုတောင်း သ၀ဏ်လွှာမှာ လူကိုယ်တိုင် တွေ့ဆုံလိုပြီး နှင်းဆီတစ်ပွင့်   ပေးလိုက်နိုင်ရင် အတိုင်းမသိ ၀မ်းသာကြည်နူး ရပါမယ်လို့ ရေးသားခဲ့ဖူးပါတယ်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့တဲ့ မစ္စတာ ဟာဗဲလ်ဟာ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
နဲ့  မြန်မာပြည်သူတွေကို ထောက်ခံခဲ့သူဖြစ်ပြီး လူသားချင်းစာနာသနားတတ်သူဖြစ်ပါတယ်။

သူ၏ဈပနတွင် မြန်မာ့အရေးလှုပ်ရှားသူများမှ နှင်းဆီပန်းများပေးပို့ ခဲ့ရာ အ၀ါရောင်နှင်းဆီပန်းကို ဖန်သား
ထဲမှာသိမ်းစီးထားပြီး ချက်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံရာတွင်  သမ္မတဟောင်း Vaclav Havel ကိုယ်စား အ၀ါရောင်နှင်းဆီပန်းခြောက်ကို အမှတ်တရအဖြစ် ပေးအပ် ခဲ့သည်။

အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နှင့် ဇနီး ရွှေတိဂုံဘုရားဖူးမျှော်

၂၀၁၂-၇-၁၈
မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နှင့် ဇနီး ဇူလိုင်လ ၁၆ ရက်နေ့ ညနေ လေးနာရီ ဝန်းကျင်ခန့်က ရွှေတိဂုံ စေတီတော်မြတ်သို့ လာရောက် ကြည်ညိုသည်ကို တွေ့မြင်ရစဉ်။

NLD-BG ပညာဒါနကျောင်း တစ်နှစ်ပြည့်ပွဲ ကျင်းပ

၂၀၁၂-၇-၁၈ NLD-BGမှ ပညာဒါနကျောင်း တစ်နှဏ်ပြည့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အမျိုးသားဒီမို
ကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦး ဦးဝင်းတင်နှင့် ၈၈မျိုးဆက်ကျောင်းသားများ ဆရာမ ဒေါ်သန်းမြင့်   အောင် နာရေးကူညီမှုအသင်းတို့ တက်ရောက်ခဲ့ကြသည်။

Monday, July 16, 2012

ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး

၂၀၁၂-၇=၁၆ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် လွှတ်တော် ၂ရပ်ပေါင်းကျင်းပတဲ့ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ် တွေကို    နေ့လည် ၁နာရီကစတင်ကျင်းပခဲ့ရာ ကော့မှူးမြို့ နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည် တက်ရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာတည်သော   အမိန့်အမှတ်(၁/၂၀၁၂) အရေးပေါ်ကြေညာခြင်းကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက   ဆွေးနွေးခဲ့ကြသည်။

အာဇာနည်နေ့  (သို့ )မြန်မာ့သမိုင်း၌ မမေ့အပ်သော နေ့ တနေ့ 

Martyr's Day (Special Issue)

၁၉-ဇူလိုင် မမေ့နိုင်

၁၉-ဇူလိုင်-၂၀၁၂နေ့ တွင်ကျရောက်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အား ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုအပ်ပါသည်။

Sunday, July 15, 2012

မင်္ဂလာဒုံနှင့် ရွှေပြည်သာမြို့နယ်များမှ လယ်သမားဆန္ဒပြ

 ၂၀၁၂-၇-၁၅ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့် ပထမဆုံးအကြိမ် ရရှိခဲ့သော      မင်္ဂလာဒုံနှင့်    ရွှေပြည်သာမြို့နယ်များမှ လယ်သမားတို့ ဇူလိုင်(၁၅)နံနက်ပိုင်း မင်္ဂလာဒုံ(ထောက်ကြန့်)      ၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။