Wednesday, July 18, 2012

ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel၏ နှင်းဆီလက်ဆောင်



ချက်နိုင်ငံခြားရေး ၀န်ကြီး Karel Schwazenberg ဟာ မနေ့ညက ကျင်းပတဲ့ ညစာစားပွဲမှာ မြန်မာ့အရေးကို အစဉ်အမြဲအားပေးထောက်ခံခဲ့သူ ချက်သမ္မတဟောင်း Vaclav Havel ကိုယ်စား မြန်မာ့ ဒီမိုကရေစီ    ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖန်သားထဲမှာ ထည့်ထားတဲ့ အ၀ါရောင် နှင်းဆီပန်းခြောက် တစ်ပွင့် ပေးအပ်လိုက်ပါတယ်။
၂၀၀၅ ခုနှစ်က ပေးပို့တဲ့ မွေးနေ့ ဆုတောင်း သ၀ဏ်လွှာမှာ လူကိုယ်တိုင် တွေ့ဆုံလိုပြီး နှင်းဆီတစ်ပွင့်   ပေးလိုက်နိုင်ရင် အတိုင်းမသိ ၀မ်းသာကြည်နူး ရပါမယ်လို့ ရေးသားခဲ့ဖူးပါတယ်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့တဲ့ မစ္စတာ ဟာဗဲလ်ဟာ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
နဲ့  မြန်မာပြည်သူတွေကို ထောက်ခံခဲ့သူဖြစ်ပြီး လူသားချင်းစာနာသနားတတ်သူဖြစ်ပါတယ်။

သူ၏ဈပနတွင် မြန်မာ့အရေးလှုပ်ရှားသူများမှ နှင်းဆီပန်းများပေးပို့ ခဲ့ရာ အ၀ါရောင်နှင်းဆီပန်းကို ဖန်သား
ထဲမှာသိမ်းစီးထားပြီး ချက်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံရာတွင်  သမ္မတဟောင်း Vaclav Havel ကိုယ်စား အ၀ါရောင်နှင်းဆီပန်းခြောက်ကို အမှတ်တရအဖြစ် ပေးအပ် ခဲ့သည်။