Saturday, December 1, 2012

အဖွဲ့ချုပ်ရုံး၌ WORLD AIDS DAY ကျင်းပ

၂၀၁၂-၁၂-၁
ကမ္ဘာ့ AIDS နေ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် HIV/AIDS SECTION ဆယ်နှစ်ပြည့် အထိမ်း    အမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ရွှေဂုံတိုင် ရှိ အဖွဲ့ချုပ်ဌာနချုပ် ရုံးခန်းတွင် ဒီဇင်ဘာ(၁)ရက်   နေ့ကကျင်းပသည်။ အခမ်းအနားသို့ အဖွဲ့ချုပ်နာယကကြီး ဦးတင်ဦး၊ သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်   တို့ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ကဗျာဆရာများက ကဗျာများ ရွတ်ဆို ကြသည်။ ထို့နောက် နာယကကြီးဦးတင်ဦးက နှုတ်ဆက်စကား ပြောကြားသည်။ အဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ   ပေးပို့သောသ၀ဏ်လွှာကို အနုပညာရှင် ချစ်သုဝေက ဖတ်ကြားပြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ရောဂါရှင်လူနာများအား ကူညီဆောင်ရွက်ရေး လုပ်ငန်းများနှင့် (၁၀)နှစ်တာ အတွေ့အကြုံ များကို ရှင်းလင်းပြောကြားခဲ့သည်။