Monday, December 10, 2012

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဆန္ဒပြ

2012-12-10
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နံနက် 
၁၀ နာရီမှ စတင်ကာ Generation Wave (မျိုးဆက်သစ်လူငယ်များ) အဖွဲ့မှ ဦးဆောင်ပြီး လက်ပတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား အစိုးရမှ အကြမ်းဖက်နှိမ်နှင်းခဲ့မှုတွင် ရဟန်းရှင်လူ သံဃာတော်များ မီးလောင်ဒဏ်ရာရခဲ့မှုအပေါ် တရားမျှတစွာ ဖြေရှင်းပေးဖို့နှင့် ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့သည်
ဟု သတင်းရရှိပါသည်။ ဆန္ဒပြပွဲသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၈၈ မျိုးဆက်ကျောင်းသား
များ လာရောက်အားဖြည့်ကြပါသည်။