Saturday, December 8, 2012

နအဖ အကျင့်ဆိုးတွေမပျောက်သေး သံဃာသတ်ပြီးမှ ၀န်ချတောင်းပန်ပြီး သံဃာတော်ကြီးတွေကို အသုံးချနေ

ရန်ကုန်၊ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဆန္ဒပြရာမှ ဖြစ်ပွားခဲ့သော ပြဿနာအရပ်ရပ်နှင့်ပတ်သက်၍နိုင်ငံတော် သံဃမဟာနာယကဆရာ

တြော်ကီးများအား ပြည်ထောင်စုအစိုးရ၏ကိုယ်စားသာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက   တောင်းပန်လျှောက်ထားသည့် အခမ်းအနားကို ဒီဇင်ဘာ(၇)ရက်နေ့ နံနက် ၇ နာရီ မိနစ် ၅ဝ က ရန်ကုန်မြို့ ကမ္ဘာအေးကုန်း မြေရှိ နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့မဟာနာယကကျောင်းဆောင်  အစည်းအဝေးခန်း မ၌ကျင်းပခဲ့ကြောင်းသိရသည်။

ထိုအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်က
" အဖျက်သမားအချို့ ဘာသာရေးကို ခုတုံးလုပ်ရုံမျှသာမက နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချရန် စီမံချက်ချ ဆောင်ရွက်နေကြောင်း၊
ကြေးနီတောင်အဖြစ်အပျက်နှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်သူများအနေဖြင့် မသိနားမလည်မှုကြောင့်ချို့ ယွင်းအားနည်းမှုများရှိနိုင်ကြောင်း၊ထို့ကြောင့် နိုင်ငံတော်အစိုးရကိုယ်စား ဒဏ်ရာရရှိသည့် ဦးပဉ္စင်းနှင့်ကိုရင်များအား အလေးအနက်ထား တောင်းပန်လျှောက်ထားပါကြောင်း" စသည်ဖြင့် ဆရာတော်ကြီးများအား လျှောက်ထားခဲ့ကြောင်း ဒီဇင်ဘာ(၈)ရက်နေ့ထုတ်   နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည်။