၂၀၁၂-၁၂-၎
၁။အမျိုးဘာသာ သာသနာကိုငြိမ်းချမ်းစွာဖြင့် ကာကွယ်စောင့်ရှောက်နေသော သံဃာတော်များနှင့် ပြည်သူလူထု ကိုမီးလောင်စေတတ်သော ဓာတုဗေဒပစ္စည်းများ ကိုအသုံးပြုလျက် အကွက်ကျကျ ကြိုတင်ပြင်ဆင်ပြီး ဥပဒေမဲ့ လူမဆန်စွာအကြမ်းဖက်ဖြိုခွဲ ဖျက်ဆီးခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။
၂။ယခုကဲ့သို့မီးလောင်စေတတ်သော ဓာတုဗေဒပစ္စည်းများကို အသုံးပြုလျက်အကွက်ကျကျကြိုတင်

ပြ င်ဆင်ပြီး
ဥပဒေမဲ့လူမဆန်စွာ အကြမ်းဖက်ဖြိုခွဲ ဖျက်ဆီးခြင်းသည် နိုင်ငံတော်သမ္မတကြီး၏
“ကောင်းသောအစိုးရ သန့်ရှင်းသော အစိုးရ”ဟုကမ္ဘာသိကြွေးကြော်သံနှင့် လုံးဝဆန့်ကျင်နေ၍ အကြမ်းဖက်မှု၌ တာဝန်ရှိသူအားလုံး ကိုဒီမိုကရေစီအစိုးရမှ အပြီးအပိုင်ထုတ်ပယ်၍အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန်။၃။အကြမ်းဖက်မှုကိုဆန္ဒပြ ဆန့်ကျင်၍ ဖမ်းဆီခံထားရသူ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးရမည်။
၎။ဒဏ်ရာရသူများ၏ ဆေးကုသရေးနှင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး
၎။ဒဏ်ရာရသူများ၏ ဆေးကုသရေးနှင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး
အတွက် တာဝန်ယူရမည်။
၅။မီးလောင်ဗုံးများသည် နိုင်ငံတကာစစ်ပွဲများတွင် သုံးစွဲမှုကိုပင် ကုလသမဂ္ဂမှကန့်ကွက်ထားသည်ကို
၅။မီးလောင်ဗုံးများသည် နိုင်ငံတကာစစ်ပွဲများတွင် သုံးစွဲမှုကိုပင် ကုလသမဂ္ဂမှကန့်ကွက်ထားသည်ကို
မျက် ကွယ်ပြုကာအကြမ်းမဖက်ငြိမ်းချမ်း စွာ ဆန္ဒပြနေသောရတနာသုံးပါးအဝင် သံဃာတော်များ၏ အပေါ်သုံးစွဲ ခြင်းမှာကမ်းကုန်အောင် ယုတ်မာမှုဖြစ်၍နိုင်ငံတော်၏အကြမ်းဖက်ဝါဒ(STATE TERRORISM)ဖြစ်သည်ဟု ခံစားမိသည်။
၆။မြန်မာတစ်နိုင်ငံလုံးရှိရဟန်း ရှင်လူ ပြည်သူအားလုံးတောင်းဆိုနေသည့်လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကိုလုံးဝဖျက်သိမ်းပေးရမည်။
၇။အထက်ဖော်ပြပါတောင်းဆိုချက်များကိုလျှင်မြန်စွာဆောင်ရွက်မပေးပါက “ပြည်သူနှင့်သံဃာ
၆။မြန်မာတစ်နိုင်ငံလုံးရှိရဟန်း
၇။အထက်ဖော်ပြပါတောင်းဆိုချက်မျာ
ကြည်ဖြူစွာ လက်တွဲ၍ဆက်လက်ဆောင်ရွက်သင့်သည့် အချိန်၌ ဆက်လက်၍ဆောင်ရွက်သွား မည်”ဖြစ်ပါကြောင်း ကြေငြာ အပ်ပါသည်။
မျိုးချစ်စိတ်ရှိသော ဘာသာသာသနာကိုမြတ်နိုးစိတ် ရှိသောပတ်ဝန်းကျင် ဆိုးကျိုးသက်ရောက်မှု ကိုကာကွယ်လို
စိတ်ရှိသော ပြည်သူဒီမိုကရေစီ အစိုးရအမှန်ဖြစ်ပါလျှင် ယင်းကိစ္စများကို
တာဝန်ယူလုပ်ကိုင်နိုင်စွမ်း ရှိလိမ့်မည် ဟုယုံကြည်၍ မိမိတို့သဘောထားများကို
အသိပေးကြေငြာလိုက်ပါသည်။
လက်ပံတောင်တောင်းဒေသခံသံဃာတော်များ
၃.၁၂.၂၀၁၂ ည ၇း၀၀ နာရီ
မျိုးချစ်စိတ်ရှိသော ဘာသာသာသနာကိုမြတ်နိုးစိတ် ရှိသောပတ်ဝန်းကျင် ဆိုးကျိုးသက်ရောက်မှု ကိုကာကွယ်လိ
လက်ပံတောင်တောင်းဒေသခံသံဃာတော်မ
၃.၁၂.၂၀၁၂ ည ၇း၀၀ နာရီ